Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းငယ်အိန္ဒိယနိုင်ငံဖက်ပြန်ရွေ့နေဟု ဒေါက်တာဦးထွန်းလွင်ခန့်မှန်း

$
0
0

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းရဲ့ လက်ရှိအခြေအနေဟာ အောက်တိုဘာ ၂၄ ရက် မနက် ၈နာရီ ၃၈ မိနစ်အချိန်မှာ  အနောက်ဘက်ကို ပြန်ကွေ့နေတဲ့အကြောင်းနဲ့ မုန်တိုင်း အိန္ဒိယနိုင်ငံဘက် ပြန်ရွေ့နေပြီလို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။

အောက်တိုဘာ ၂၈-၂၉ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိမုန်တိုင်း အိန္ဒိယအရှေ့ဘက်ကမ်းခြေကို ချဉ်းကပ်နေချိန်မှာ မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ဒေသမှာ အရှေ့ဘက်မှ ရွေ့လာတဲ့ လေပွေလှိုင်းတခုကြောင့် နောက်ထပ်မုန်တိုင်းငယ်တလုံး ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မိုးဇလဌာနရဲ့ အောက်တိုဘာ ၂၄ ရက် နံနက် (၇း၀၀) နာရီအချိန် ထုတ်ပြန်ချက်မှာတော့ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြောက်၊ အရှေ့မြောက်ဘက်သို့ အနည်းငယ်ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းမြို့၏ မြောက်ဘက် မိုင် ၁၁၀ ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ၆၅ မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၁၀၀ ခန့်၊ ဂွမြို့၏ အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်၊ အနောက်တောင်ဘက် မိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ  နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်း လာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာ့ကမ်းရိုးတန်း(မြစ်ဝကျွန်းပေါ် ဒေသ) အနီးသို့ ဦးတည်ရွေ့လျားပြီးနောက် ပြန်ကွေ့ကာ မြောက်၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

The post မုန်တိုင်းငယ်အိန္ဒိယနိုင်ငံဖက်ပြန်ရွေ့နေဟု ဒေါက်တာဦးထွန်းလွင်ခန့်မှန်း appeared first on DVB.


Viewing all articles

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး