Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းဘေးရှောင်ရန် ပင်လယ်ပြင်ငါးဖမ်းလုပ်သားများကို ရွှေ့ပြောင်းပေးနေ

$
0
0

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းအန္တရာယ်ရှောင်ရှားဖို့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ငါးဖမ်းလှေတွေနဲ့ ကျားဖောင်ရေလုပ်သားတွေကို ကမ်းခိုရပ်နားဖို့အတွက် ရေလုပ်သားတွေကို ကယ်ရီလှေတွေနဲ့ ရွှေ့ပြောင်းပေးနေပါတယ်။

ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးလုပ်ငန်းဦးစီးဌာန ရေလုပ်ငန်းရှင်တို့ ပူးပေါင်းကာ အောက်တိုဘာ ၂၂ ရက်နေ့က စတင်ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နှိုးဆော်ခြင်း၊ ငါးဖမ်းလှေများ ကမ်းခိုရပ်နားခြင်း၊ ကျားဖောင်ပေါ်တွင် အခြေပြုလုပ်ကိုင်နေသော ရေလုပ်သားများကို ကယ်ရီလှေတွေနဲ့ ရွှေ့ပြောင်းစေထားပါတယ်လို့ ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မင်းဦးက ပြောပါတယ်။

အဆိုပါ ရေးမြို့နယ် ပင်လယ်ပြင်အတွင်း ကမ်းနီး ကမ်းဝေး ငါးဖမ်းစက်လှေပေါင်းမှာ ၄၁၉ စီးရှိပြီး ရေလုပ်သားပေါင်း ၃၈၄၂ ဦး ရှိကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရဲ့ ၂၀၁၆-၂၀၁၇ မှတ်တမ်းတွေအရ သိရှိရပါတယ်။
သတင်း – နေမျိုးထွဋ်

The post မုန်တိုင်းဘေးရှောင်ရန် ပင်လယ်ပြင်ငါးဖမ်းလုပ်သားများကို ရွှေ့ပြောင်းပေးနေ appeared first on DVB.


Viewing all articles

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ