Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဘင်္ဂလားပင်လယ်အော်တွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်

$
0
0

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ၂၄ နာရီအတွင်း မုန်တိုင်းငယ်တခုအဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီမနက် ထုတ်ပြန်ပါတယ်။

ဒီမနက် ၀၆း၃၀ နာရီအချိန်ထိ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိ ပိုမိုအားကောင်းလာနိုင်ပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်၊ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကလည်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်သလို တောင်တရုတ်ပင်လယ်ပြင် တောင်ပိုင်းမှာ အပူပိုင်းမုန်တိုင်း T OKAGE ဖြစ်ပေါ်နေပြီး မြောက်ဘက်သို့ ဦးတည်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

တနင်္သာရီကမ်းရိုးတန်းတလျှောက် အရှေ့လေပြင်းတွေ ကျရောက်နိုင်ပြီး တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့် ရှိနိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။

The post ဘင်္ဂလားပင်လယ်အော်တွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင် appeared first on DVB.


Viewing all articles

Trending Articles


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


နာမည်ကြီးနေတဲ့ ဆယ်လီတက္ကသိုလ်ကျောင်းသူ အချောလေးများ


ဂျပန်နာမည်ကြီး အပြာမင်းသားကြီးနဲ့ ကိစ္စ သင်ဇာဝင့်ကျော်ပြောပြီ…..