Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း မိုးသက်လေပြင်း ကျရောက်နိုင်

$
0
0

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းမှာ မိုးသက်လေပြင်များ ကျရောက်နိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။

ဒီနေ့ မနက် ၆ နာရီအချိန်ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ၃၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားမယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတဲ့ အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်း ဖော်ပြပါတယ်။

မုန်တိုင်းငယ် အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။
မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေနဲ့ ကြိုတင်သတိပြုဖို့လည်း မိုးဇလက နှိုးဆော်သတိပေးပါတယ်။
ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ်ဟာ နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။

The post မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း မိုးသက်လေပြင်း ကျရောက်နိုင် appeared first on DVB.


Viewing all articles