Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်နိုင်

$
0
0

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် (၂၄)နာရီ အတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

ဒီကနေ့ မြန်မာစံတော်ချိန် ၁၂နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ  ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေပြီး နောက် (၂၄)နာရီ အတွင်း ပိုမိုအားေ ကာင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တဲ့အကြောင်း  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီ လျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်သလို  ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့် ရှိမယ်လို့ဆိုပါတယ်။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ နေပြည်တော်နဲ့ မန္တလေးတိုင်းမှာ နေရာကျဲကျဲနဲ့  ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးရွာဖို့ရှိပြီး  ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

The post ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်နိုင် appeared first on DVB.


Viewing all articles

Trending Articles


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အကြောတစ်ထောင်ရွက်