Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းငယ် မွန်ပြည်နယ် ဦးတည်ရွှေ့လျား

$
0
0

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး ဇန်န၀ါရီ ၁၁ ရက်နေ့မှာ  မုန်တိုင်းဟာ မွန်ပြည်နယ်ကို ဦးတည်ရွေ့လျားနိုင်တယ်လို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“လေဖိအားနည်းရပ်ဝန်းဟာ ကပ္ပလီပင်လယ်ပြင်ကနေ တနင်္သာရီကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းတလျှောက်ကို သွားပြီးတော့မှ မွန်ပြည်နယ်ထဲကို ၀င်နိုင်တဲ့အနေအထား ရှိတယ်။”
ဇန်န၀ါရီ ၁၁ ရက်ညနေဘက်နဲ့ ၁၂ ရက် မနက်စောစောမှာ မုန်တိုင်းဝင်နိုင်ခြေရှိပြီး စောင့်ကြည့်နေတယ်၊ မုန်တိုင်းငယ်အဖြစ် မွန်ပြည်နယ်ဝင်ရင် လေတိုက်နှုန်း တနာရီမိုင် ၃၀ လောက်ပဲ ရှိနိုင်ပြီး အဓိက မိုးရွာမယ်၊ တရုတ်ဘက်ကလာတဲ့ လေဖိအားကြီးရပ်ဝန်းရဲ့ ဖိအားက မုန်တိုင်းငယ်အပေါ် သက်ရောက်နေလို့ လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ပဲ ၀င်ရောက်ကောင်း ၀င်ရောက်နိုင်တယ်လို့ လည်း ပြောပါတယ်။

မိုးလေ၀သဌာနရဲ့ ဒီနေ့မွန်းလွဲပိုင်းထုတ်ပြန်ချက်မှာတော့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ပြည်နယ်တိုင်း ၈ ခုမှာ ဇန်န၀ါရီ ၉ ရက်ကနေ ၁၂ ရက်ထိ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှာ နေရာကျဲကျဲကနေ  နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

အချိန်အခါမဟုတ်မိုးရွာမှာဖြစ်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ကမ်းရိုးတန်းဒေသ ဆားလုပ်ငန်း လုပ်ကိုင်သူတွေ သတိထားကြရမှာ ဖြစ်ပါတယ်။

မိုးလေ၀သမှတ်တမ်းတွေအရ နှစ် ၁၀၀ အတွင်း  မြန်မာနိုင်ငံမှာ ဇန်န၀ါရီလမှာ မုန်တိုင်း ၂ ကြိမ် ဖြစ်ပေါ်ခဲ့ဖူးပြီး ၁၉၅၃ ခုနှစ်မှာ မော်လမြိုင်၊ ၁၉၇၅ခုနှစ်မှာ ပုသိမ်မြို့တို့ကို ဖြတ်သန်း တိုက်ခတ်ခဲ့ဖူးပါတယ်။

The post မုန်တိုင်းငယ် မွန်ပြည်နယ် ဦးတည်ရွှေ့လျား appeared first on DVB.


Viewing all articles