Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all 3533 articles
Browse latest View live

မြစ်ကြီးနားမြို့ အနောက်တောင်ဘက်တွင် ငလျင်လှုပ်

$
0
0

မြစ်ကြီးနားမြို့ရဲ့ အနောက်တောင်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၆ ရက်နေ့ည မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၁၀ မိနစ်၊ ၁၉ စက္ကန့်အချိန် မြစ်ကြီးနားမြို့ရဲ့ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာ မြောက် လတ္တီတွဒ် ၂၅ ဒသမ ၂၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွင် ၉၇ ဒသမ ၃၂ ဒီဂရီ၊ အနက် ၁၅ ကီလို မီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်) တာစကေး ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။

The post မြစ်ကြီးနားမြို့ အနောက်တောင်ဘက်တွင် ငလျင်လှုပ် appeared first on DVB.


စဥ့်ကူးမြို့အနီး မြေငလျင်လှုပ်

$
0
0

မန္တလေးတိုင်း၊ စဥ့်ကူးမြို့အနီးမှာ ဒီမနက် အင်အားရစ်(ခ်ျ)တာစကေး ၄.၉ အဆင့်ရှိ  အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၉ ရက် မြန်မာစံတော်ချိန် ၀၀ နာရီ၊ ၁၀ မိနစ်၊ ၀၉ စက္ကန့် အချိန်မှာ မန္တလေး မြေငလျင်စခန်းရဲ့  မြောက်ဘက် မိုင် ၄၀ ခန့်ကွာဝေးတဲ့ စဥ့်ကူးမြို့ အရှေ့မြောက်ဘက် ၆ မိုင်ခန့် အကွာကို ဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

ဓာတ်ပုံ – မိုးဇလ

The post စဥ့်ကူးမြို့အနီး မြေငလျင်လှုပ် appeared first on DVB.

သစ်တောပြုန်းတီးမှုကို အဖြေရှာရန်ဆွေးနွေး

$
0
0

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ကုသလမဂ္ဂ  UN – REDD အစီအစဉ်တို့ ပူးပေါင်းစီစဉ်တဲ့ ပြည်နယ်တိုင်းဒေသကြီးအဆင့် REDD မဟာဗျူဟာ ညှိနှိုင်းခြင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ နိုင်ငံတကာစီးပွားရေးစင်တာ IBC မှာ ဧပြီ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့ ထိ ၂ ရက်တာ ကျင်းပနေပါတယ်။

REDD အစီအစဉ်ဟာ သစ်တောတွေပြုန်းတီးမှု ဒါမှမဟုတ် သစ်တော အတန်းအစား ကျဆင်းခြင်း အကြောင်းအရာတွေကို လေ့လာတဲ့ စီမံချက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သစ်တောပြုန်းတီးမှုကိုဖြေရှင်းဖို့ ကြိုးစားနေတဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ REDD PLus အစီအစဉ်ကို ကနဦးအဆင့် မဟာဗျူဟာ ချမှတ်ဖို့ ကြိုးစားနေဆဲ အဆင့်သာရှိသေးပြီး ၂၀၁၉ ခုနှစ်အကုန် ၄ နှစ်တာကာလအတွင်းမှာ လုပ်ငန်းစတင်ဖို့ ပြင်ဆင်ထားတယ်လို့ UN REDD ကပြောပါတယ်။

The post သစ်တောပြုန်းတီးမှုကို အဖြေရှာရန်ဆွေးနွေး appeared first on DVB.

ဖြူးမြို့အနီး ငလျင်လှုပ်ခတ်

$
0
0

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ရဲ့ တောင်အနောက်ဘက် ၂၅ မိုင်အကွာမှာ အင်အားရစ်(ခ်)တာ စကေး ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ဒီကနေ့ လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဧပြီ ၁၀ ရက် မြန်မာစံတော်ချိန် ၉ နာရီ ၄၇ မိနစ် ၁၀ စက္ကန့်လောက်က ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက် ၈၇ မိုင်ခန့် ကွာဝေးတဲ့ ဖြူးမြို့ရဲ့ တောင် အနောက်တောင်ဘက် ၂၅ မိုင်လောက်အကွာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

The post ဖြူးမြို့အနီး ငလျင်လှုပ်ခတ် appeared first on DVB.

နေပြည်တော်၊ ရန်ကုန်နှင့် ပြည်နယ်တိုင်းအချို့ နေ့အပူချိန်တိုး

$
0
0

သင်္ကြန်ကာလအတွင်း နေပြည်တော်နဲ့ ရန်ကုန် အပါအ၀င် ပြည်နယ်တိုင်းဒေသကြီးအချို့မှာ နေ့အပူချိန်များ တိုးနေမယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေ့အပူချိန်များတိုးနေမှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ် ရွာရန်ရာနှုန်း ၈ဝ ဖြစ်တယ်လို့လည်း မိုးဇလသတင်းမှာ ခန့်မှန်း ဖော်ပြထားပါတယ်။

ဧပြီ ၁၂ ရက်အတွက် မှတ်သားဖွယ်ရာမိုးရေချိန်များကတော့ တမူးမြို့မှာ ဝ ဒသမ ၃၉ လက်မ၊ ခန္တီးမြို့မှာ ဝ ဒသမ ၁၂ လက်မနဲ့  ကလေးဝမြို့မှာ ဝ ဒသမ ဝ၈ လက်မတို့ ဖြစ်ကြပါတယ်။

The post နေပြည်တော်၊ ရန်ကုန်နှင့် ပြည်နယ်တိုင်းအချို့ နေ့အပူချိန်တိုး appeared first on DVB.

သပိတ်ကျင်း  မြောက်-အရှေ့မြောက်ဘက်တွင် ငလျင်လှုပ်ခတ်

$
0
0

သပိတ်ကျင်းမြို့ မြောက်-အရှေ့မြောက်ဘက်ကို ဗဟိုပြုပြီး ငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ၇ နာရီ ၅၄ မိနစ် ၂၃ စက္ကန့်အချိန်မှာ သပိတ်ကျင်းမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၃၂ မိုင်လောက်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၈ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။

The post သပိတ်ကျင်း  မြောက်-အရှေ့မြောက်ဘက်တွင် ငလျင်လှုပ်ခတ် appeared first on DVB.

မိုးသက်လေပြင်းကြောင့် ချင်းတွင်းသင်္ကြန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့

$
0
0

ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန်က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် စစ်ကိုင်းတိုင်းအစိုးရ ကြီးမှူးကျင်းပနေတဲ့ ချင်းတွင်းသင်္ကြန်မှာ အပျက်အစီးတချို့ဖြစ်ခဲ့ပြီး ဖျော်ဖြေရေးပွဲကိုပါ ရပ်နားခဲ့ရပါတယ်။

လေတိုက်ခတ်ချိန် နာရီဝက်နီးပါး ကြာမြင့်ခဲ့တဲ့ပြီး ဗဟိုမဏ္ဍပ်၊ မုခ်ဦး၊ နားနေတဲတွေအပါအဝင် အဆောက်အဦတော်တော်များများ ပျက်စီးခဲ့သလို သဲပန်းပုတွေလည်း ပျက်စီးခဲ့ပါတယ်။

ပြီးတော့ လမ်းတွေလည်း ဗွက်ထပြီး သွားလာရေးလည်း ခက်ခဲသွားတာပါ။

ဒီနေ့မနက်မှာတော့ ပုံမှန်အတိုင်းကျင်းပနိုင်ရေးအတွက် ပြင်ဆင်တာတွေ ပြုလုပ်နေပါတယ်။

ချင်းတွင်းသင်္ကြန်မှာ လုံခြုံရေးတာဝန်ယူနေသူ တယောက်က “ဖျော်ဖြေရေးစင်မြင့်ကလည်း အခုထိပြင်ဆင်နေဆဲ၊ ရဲလုံခြုံရေးတဲတွေလည်း လေနဲ့လွင့်ပျက်စီး၊ အမိုးလန်လို့ လုပ်နေရဆဲ၊ နောက်ပြီး လမ်းတွေကိုလည်း လောလောဆယ် အဆင်ပြေအောင် ဘက်ဟိုး ၄၊ ၅ စီးနဲ့ သဲတွေဖို့နေတယ်။ စတုဒီသာ မဏ္ဍပ်တွေလည်း ပျက်စီးလို့ပြန်လုပ်နေတယ်။ နားနေတဲတွေကလည်း အလုံးလိုက်လွင့်ထွက်တာတွေရှိတယ်။ ပြန်တော့လုပ်နေတုန်းပါပဲ။ သဲပန်းပုတွေတော့ ပြန်ပြင်တာမတွေ့ရဘူး”လို့ ပြောပါတယ်။

လက်ရှိအချိန်ထိတော့ လာရောက်လည်ပတ်သူတွေက ထောင်ဂဏန်းဝန်းကျင်ရှိနေပြီး ဖျော်ဖြေရေးတွေကတော့ ပြန်လည်မစတင်နိုင်သေးပါဘူး။

သတင်းနှင့်ဓာတ်ပုံ – အောင်ကိုလတ်

 

The post မိုးသက်လေပြင်းကြောင့် ချင်းတွင်းသင်္ကြန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ appeared first on DVB.

လေပြင်းကြောင့် ဆည်တည်းရွာတွင် နေအိမ်တချို့ ပျက်စီး၊ အကူအညီလိုအပ်နေ

$
0
0

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ ရှိတဲ့ ပြည်ထဲရေးရဲ့ ရွာစာရင်းက ဖယ်ရှားခံထားရတဲ့ ဆည်တည်းရွာဟောင်းမှာ ဧပြီ ၁၃ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် နေအိမ် ၂၀ ကျော် ပျက်စီးပြီး သစ်ပင်ကြီးတွေ လဲပြိုခဲ့ပါတယ်။

ဆည်တည်းရွာဟောင်းသူ မရီဝင်းက “ပျက်စီးတာတော့ အားလုံး ၂၁ အိမ်၊ အမိုးတွေ လွင့်ထွက်ကုန်တာ။ သစ်ပင်က ၃၀ ကျော် အမြစ်က လဲပြိုတာရော၊ ကိုင်းတွေကျိုးကျတာရော။ ဒီမနက်တော့ စုရှင်းနေကြတယ်။ လောလောဆယ်မှာတော့ အမိုးအတွက်က အခက်အခဲ ဖြစ်နေတယ်။ သင်္ကြန်တွင်းဆိုတော့ ဆိုင်တွေက ပိတ်ထားလို့ ဝယ်လည်းမရဘူး။ နောက်ထပ် မိုးလေသာ ကျရင်တော့ အကုန်ဒုက္ခရောက်မှာ။ ပြည်ထဲရေးစာရင်းက ဖယ်ထားတဲ့ရွာဆိုပြီး ဌာနဆိုင်ရာတွေကလည်း အကူအညီပေးတာ ဘာမှမရှိဘူး။ လောလောဆယ်တော့ အမိုးအခက်အခဲပါပဲ။ ကျန်တာတော့ သူ့ဟာသူ လည်ပတ်လို့ရတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

မိုးသက်လေပြင်းတိုက်ခတ်ချိန်က နာရီဝက်ကျော်ကြာခဲ့ပြီး လက်ပံတောင်းတောင်ဒေသမှာတော့ ဆည်တည်းရွာဟောင်းတရွာပဲ လေဘေးဒဏ်ခံခဲ့ရတာဖြစ်ပါတယ်။

အရင်က လိပ်ခွံတောင်မှာ သစ်ပင်တွေရှိလို့ လေဘေးဒဏ်မခံစားခဲ့ရဘဲ ကြေးနီစီမံကိန်းအတွက် တောင်ဖြို တောရှင်းလုပ်လိုက်တဲ့အတွက် လေက အခုမှ ရွာကို တိုက်ရိုက်ကျလာတာလို့ ဒေသခံတွေက ပြောပါတယ်။

အောင်ကိုလတ်

 

The post လေပြင်းကြောင့် ဆည်တည်းရွာတွင် နေအိမ်တချို့ ပျက်စီး၊ အကူအညီလိုအပ်နေ appeared first on DVB.


ပြည်နယ်နှင့်တိုင်း ၇ ခုတွင် ပျမ်းမျှအပူချိန်ထက် ပိုတိုးနေ

$
0
0

ပြည်နယ်နဲ့တိုင်း ၇ ခုမှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ပိုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်တွေထက် ၃ ဒီဂရီစင်တီဂရိတ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်တွေထက် ၂ ဒီဂရီစင်တီဂရိတ် ပိုခဲ့တယ်လို့ ဆိုပါတယ်။

တခြား ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ပျမ်းမျှ အပူချိန်လောက်ပဲ ရှိပြီး ထူးခြားတဲ့ နေ့အပူချိန်တွေကတော့ ချောက်မြို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်၊ ဘော်လခဲမြို့မှာ ၄၂ ဒီဂရီစင်တီဂရိတ်နဲ့ မုံရွာမြို့၊ ကြေးမုံမြို့၊ မြင်းခြံမြို့နဲ့ ပေါက်မြို့တို့မှာ ၄၁ ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။

မိုးရေချိန်တွေအနေနဲ့ မုံရွာမြို့မှာ ၀ ဒသမ ၄၇ လက်မ၊ လားရှိုးမြို့မှာ ၀ ဒသမ ၃၁ လက်မ၊ ကြေးမုံမြို့မှာ ၀ ဒသမ ၂၈ လက်မနဲ့ မိုးကုတ်မြို့မှာ ၀ ဒသမ ၀၈ လက်မတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

The post ပြည်နယ်နှင့်တိုင်း ၇ ခုတွင် ပျမ်းမျှအပူချိန်ထက် ပိုတိုးနေ appeared first on DVB.

ရန်ကုန်မြို့တွင် အင်အား ၄.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

$
0
0

ဒီနေ့မနက်အစောပိုင်းက ရန်ကုန်မြို့မှာ မြေငလျင်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မနက် ၄ နာရီ ၅၈ မိနစ်က ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်ဘက် ၁၉ မိုင်လောက်အကွာ (တွံတေး၊ ထန်းတပင်၊ ညောင်တုန်းနဲ့ မအူပင်မြို့တွေရဲ့ကြားအလယ်) ကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၃ အဆင့်၊ အင်အားနည်းနည်းရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားပါတယ်။
ငလျင်ရဲ့ လှုပ်ရှားမှုကို ရန်ကုန်မှာရှိတဲ့သူတွေ သိသိသာသာခံစားခဲ့ရပါတယ်။

The post ရန်ကုန်မြို့တွင် အင်အား ၄.၃ အဆင့်ရှိ ငလျင်လှုပ်ခတ် appeared first on DVB.

ပြည်နယ်နှင့်တိုင်း ၁၂ ခုတွင် မိုးရွာနိုင်ဟု မိုးဇလ ထုတ်ပြန်

$
0
0

ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေကလွဲရင် ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်နည်းနည်းရှိနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့  ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်ထူထပ်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့ ညနေကနေ မနက်ဖြန် မနက်အထိ ခန့်မှန်းချက်အနေနဲ့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာနိုင်ခြေ ၈၀ ရာနှုန်းရှိတယ်လို့ ဆိုပါတယ်။

နောက် ၂ ရက်အထိမှာလည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင်၊ မွန် စတဲ့ တိုင်းနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျားကနေ  နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

The post ပြည်နယ်နှင့်တိုင်း ၁၂ ခုတွင် မိုးရွာနိုင်ဟု မိုးဇလ ထုတ်ပြန် appeared first on DVB.

ပေါင်းတည်နှင့်နတ္တလင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်  ၁၀၀ ကျော် ပြိုကျပျက်စီး

$
0
0

မနေ့ညနေပိုင်းက  တိုက်ခတ်တဲ့လေပြင်းကြောင့် ပေါင်းတည်မြို့နယ် နဲ့ နတ္တလင်းမြို့နယ်ထဲက ကျေးရွာ အုပ်စု ၅ ခုက အိမ် ၃၀ လောက် ပြိုကျခဲ့ပြီး ၁၀၀ ကျော် ပျက်စီး အမိုးလန်ခဲ့ပါတယ်။

လေပြင်တိုက်တ်မှုကြောင့် ပျဉ်ပုံအုပ်စု၊ ကြာနီကန်အုပ်စုက ကြို့ပင်အိုင်ရွာ၊ ပေါင်းကျေးရွာ၊ လိပ်ခဲကျေးရွာတွေလည်း အိမ် ၁၅ လုံးလောက် ပျက်စီးခဲတယ်လို့ ကြာနီကန် အုပ်ချုပ်ရေးမှုးထံက သိရပါတယ်။

မင်းညို

 

The post ပေါင်းတည်နှင့်နတ္တလင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်  ၁၀၀ ကျော် ပြိုကျပျက်စီး appeared first on DVB.

ပေါင်းတည်မြို့နယ်တွင် လေပြင်းတိုက်၍ အမျိုးသမီး ၁ ဦး အိမ်ပြိုပိသေဆုံး

$
0
0

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်ထဲက ကျေးရွာတရွာမှာ လေပြင်းတိုက်လို့ အိမ် ၁၅ လုံးလောက် ပြိုလဲပျက်စီးသွားကာ အမျိုးသမီးတဦး အိမ်ပြိုပိလို့ သေဆုံးခဲ့ပါတယ်။

ကြာနီကန်အုပ်စု ကြို့ပင်အိုင်ကျေးရွာမှာ ဧပြီ ၁၆ ရက်က တိုက်ခတ်သွားတဲ့ လေပြင်းကြောင့် အိမ်ပြိုကျလို့ သားအမိ ၂ ယောက် အိမ်ပိပြီး အမေဖြစ်သူ သေဆုံးသွားကာ ၁၂ နှစ်အရွယ် သမီးလေးတယောက်ထဲ ကျန်ခဲ့ပါတယ်။ ၁၂ အရွယ်မိန်းကလေးငယ်လည်း ထိခိုက်ဒဏ်ရာရှိပြီး ဆေးကုသမှုခံနေရပါတယ်။

ပေါင်းတည်မြို့နယ်အတွင်း ထန်းတစ်ပင်ကျေးရွာအုပ်စု၊ မဲခေါင်းကျေးရွာအုပ်စု၊ ကြာနီကန် ကျေးရွာအုပ်စု၊ ဘိုးသာအောင်ကုန်း အိမ်ခြေ ၅၀၀ နီးပါးလောက်နဲ့ နတ္တလင်းမြို့နယ်အတွင်း ပျဉ်ပုံကျေးရွာအုပ်စုမှာ အိမ်ခြေ ၁၃၃ လုံးခန့်၊ စုစုပေါင်း အိမ် ၆၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

The post ပေါင်းတည်မြို့နယ်တွင် လေပြင်းတိုက်၍ အမျိုးသမီး ၁ ဦး အိမ်ပြိုပိသေဆုံး appeared first on DVB.

ဝမ်းတွင်းမြို့နယ်တွင် လေပြင်းတိုက်၊ အိမ်ခြေ ၅၀ ကျော်ပျက်စီး၊ ဘုရားထီးတော်မြေခ

$
0
0

 

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ပဲနံသာရွာနဲ့ ကံကြီးရွာမှာ ဧပြီ ၁၇ ရက်က လေပြင်း တိုက်ခတ်သွားပြီး စေတီတော်တဆူ ထီးတော်မြေခပြီး လူနေအိမ် ၅၀ ကျော် ပျက်စီးသွားပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်ဌေးက “ထိခိုက်ပျက်စီးတာကတော့ အိမ် ၅၀ကျော်လောက်ပေါ့။ အိမ်အမိုးသွပ်နဲ့ ဒိုင်းမြားတွေပါ ပါကုန်တဲ့အိမ် ၁၅ လုံးလောက်ရှိတယ်။ သစ်ပင်ကြီးတွေလည်း လဲကျကုန်တယ်။ လေက အတော်ပြင်းတယ်။ မြို့နယ်ကတော့ လာတယ်။ တခြားအကူအညီတော့ မရသေးပါဘူး”လို့ ပြောပါတယ်။

ရွာဦးကျောင်းဆရာတော် ဥူးဇမိန္ဒက “စေတီတော် ၂ ဆူရှိတယ်။ စေတီတော်တဆူက ထီးတော် မြေခ တာပါ။ ထီးတော် ပြန်တင်ဖို့တော့ အခက်အခဲရှိနေတာပေါ့”လို့ မိန့်ပါတယ်။

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က “တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပေးမှာပါ အပျက်အစီးများတာ ၁၅ အိမ်လောက်တော့ ရှိတယ်။ သိပ်မပျက်တဲ့ အိမ်တွေက သူတို့ဘာသာ ပြန်ပြင်နေကြတယ်။ ဆုံးရှုံးတန်ဖိုး စိစစ်တွက်ချက်နေပါတယ်”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ ဧပြီလနဲ့ မေလတွေမှာ နှစ်စဉ်လို လေပြင်းတိုက်ခတ်လေ့ ရှိပါတယ်။

‎သတင်း-မောင်မောင် လင်း(ဝမ်းတွင်း)

The post ဝမ်းတွင်းမြို့နယ်တွင် လေပြင်းတိုက်၊ အိမ်ခြေ ၅၀ ကျော်ပျက်စီး၊ ဘုရားထီးတော်မြေခ appeared first on DVB.

ဖျာပုံမြို့အနီး ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်

$
0
0

 

ဒီနေ့ နေ့လည်ပိုင်းက ဧရာဝတီတိုင်း ဖျာပုံမြို့အနီး ဗဟိုပြုပြီး အင်အား အနည်းငယ်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။

ဧပြီ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၄ နာရီ ၂၅ မိနစ်၊ ၄၂ စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် ၄၆ မိုင်လောက်ကွာဝေးတဲ့ ဖျာပုံမြိုရဲ့ အရှေ့- အရှေ့တောင်ဘက် ၃၅ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၁၆.၂၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်ကလည်း ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်ဘက် ၁၉ မိုင်ခန့်အကွာကို ဗဟိုပြုပြီး  အင်အားရစ်(ခ်)တာစကေး ၄.၃ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခဲ့ပါသေးတယ်။

The post ဖျာပုံမြို့အနီး ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိ ငလျင်လှုပ်ခတ် appeared first on DVB.


အင်္ဂပူနှင့် ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်​ခတ်​၊ လူ​နေအိမ်​အများအပြား ပျက်​စီး

$
0
0

ဧရာဝတီတိုင်း​ဒေသကြီး အင်္ဂပူမြို့နယ်​ထဲက ကျွဲ​သောင်း၊ ကျီးကြီး၊ ကညင်​ငူ စတဲ့​ ကျေးရွာ​ပေါင်း ၁၀ ရွာ​ကျော်​မှာ ဧပြီ ၁၇ ရက်​​ည​နေပိုင်းက ​လေပြင်းတိုက်​ခတ်​ခဲ့လို့ လူ​နေအိမ်တချို့ အမိုးလန်​၊ ပြိုလဲတာ​တွေ ဖြစ်​​ပေါ်ခဲ့ပါတယ်။

အလားတူ ဟင်္သာတမြို့နယ်​​ထဲက​ ရှမ်းစု၊ ကညင်​ငူ၊ လိပ်​ခုံ စတဲ့​ကျေးရွာ​ပေါင်း ​၈ ရွာမှာလည်း မ​နေ့က ​လေပြင်းတိုက်​ခတ်​ခဲ့လို့​ နေအိမ်တချို့ ပျက်​စီးခဲ့ပါတယ်။

ဟသာင်္တမြို့နယ် ရှမ်းစု​ကျေးရွာ​နေ ကို​အောင်​မျိုးသန့်​က​ “ကျ​နော့်တသက်​မှာ ဒါမျိုးဖြစ်​တာ ဒါပထမဆုံးပဲ​။ လေပြင်းက ရုတ်​တရက်​ တိုက်​ခတ်​တယ်​​။ ကျနော်​​တို့ကျေးရွာအပါ အနားက​လေး ငါးရွာ​လောက်​လည်း ဖြစ်​သွားတယ်​ဗျ။ အများဆုံးက​ နေအိမ်​​တွေ အမိုး​လန်​တာတွေနဲ့​ သေးတဲ့ အိမ်​​တွေက​တော့ ပြိုကျသွားပါတယ်​။ ကျ​နော်​တို့​တွေ ခုလိုဖြစ်​​တော့ စိတ်​​တော့ပျက်​မိတာ​ပေါ့။ မိုးချိန် ​ကာချိန်​​တွေလည်း ​ရောက်​​နေပြီ​လေ။ အဲ​ဒီတော့ အချိန်​မီ ပြန်​လုပ်​ဖို့ အခက်​အခဲ​တွေ က​တော့ အများကြီးပါပဲ။ တာဝန်​ရှိသူ​တွေအနေနဲ့ အနည်းနဲ့အများ ​ထောက်​ပံ့​ပေး​စေချင်​တာ​ပေါ့။ ခု​လော​လောဆယ်​​တော့ ဖြစ်​သလိုပဲ ​နေထိုင်​ရမှာပဲ။ ဧရာဝတီတိုင်း​ဒေသကြီး အစိုးရဝန်​ကြီး​တော့ လာကြည့်​မယ်​လို့ ဒီကလူကြီး​တွေ​ ပြော​နေတာ​တော့ သိတယ်​​။ ​ပြောရရင် ​အခက်​အခဲက​တော့ အများကြီးပါပဲ”လို့​ ပြောပါတယ်​။

အင်္ဂပူမြို့နယ် အမှတ်​-၂ မဲဆန္ဒနယ် ​တိုင်း​ဒေသကြီးလွှတ်​​တော် ကိုယ်စားလှယ် ​ဦးဘိုဘိုဇင်​က​ “ဒီ​နေ့ ဝန်​ကြီး တခါတည်းဆင်းလာတယ်။ ​လေ​ဘေးသင့်တဲ့​နေရာ​တွေ အားလုံး လိုက်​ကြည့်​မယ်။ တခါ တိုင်းခရိုင်​လူ​ကယ်​ပြန်ပါ ပါလာမယ်​။ ​လေ​ဘေးသင့်တဲ့လူ​တွေ၊ အိမ်​​တွေ၊ ဘုန်း​တော်​ကြီး​ကျောင်း​တွေ၊ စာသင်​​ကျောင်း​တွေကို တခါတည်း ပစ္စည်းနဲ့​ငွေ​ ထောက်​ပံ့မှာ။ ခုဖြစ်​​နေတဲ့​ နေရာ​တွေအားလုံးကို ဝန်​ကြီးချုပ်​နဲ့ တခါတည်းသွားပြီး ကူညီ​အား​ပေးစကား​ ပြောတာ​တွေကို လုပ်​​ဆောင်​မှာပါ။ ဒီ​နေ့ အပြီးလုပ်​ဖြစ်​မှာပါ”လို့ ဒီဗွီဘီကို​ ပြောပါတယ်​။

မြို့နယ်​နှစ်​ခုလုံးက လေ​ဘေးသင့် ပြည်​သူ​တွေရဲ့ နေအိမ်​တန်ဖိုး​ငွေ​တွေကို စာရင်းပြု​နေဆဲ ဖြစ်​ပါတယ်​။ ပျက်​စီး​နေတဲ့ လူ​နေအိမ်​​တွေ၊ ဘုန်း​တော်​ကြီး​ကျောင်း၊ စာသင်​​ကျောင်း စတာ​တွေကို​တော့ မြန်​မာနိုင်​ငံ ရဲတပ်​ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့​တွေ စတဲ့ အဖွဲ့အစည်း​တွေက ဝိုင်းဝန်းကူညီပေး​နေကြပါတယ်​။

သတင်း – သန်းထိုက်မြင့်

The post အင်္ဂပူနှင့် ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်​ခတ်​၊ လူ​နေအိမ်​အများအပြား ပျက်​စီး appeared first on DVB.

နေ့အပူချိန် မြင့်တက်သဖြင့် လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်နိုင်

$
0
0

 

မြန်မာနိုင်ငံထဲမှာ နေ့အပူချိန်တွေ မြင့်တက်လာနေလို့ မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။

ဧပြီလနဲ့ မေလတွေမှာ နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာနေပြီး အပူပျံတက် တိမ်တွေ ဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာ တလျှောက်မှာ လေပြင်းတွေ တိုက်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခတ်တဲ့အခါ မြေပြင်/ ရေပြင်လေဟာ တနာရီ ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တာကြောင့် အထူးဂရုပြုကြဖို့ သတိပေး နှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ရက်က မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ ပဲခူးတိုင်းဒေဥကြီး ပေါင်းတည်မြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူနဲ့ ဟင်္သာတမြို့နယ်တို့ထဲက ကျေးရွာတွေမှာ လေပြင်းတိုက်လို့ လူနေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

The post နေ့အပူချိန် မြင့်တက်သဖြင့် လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်နိုင် appeared first on DVB.

ဟင်္သာတ​ခရိုင် ၄ မြို့နယ်တွင် လေပြင်းတိုက်​ခတ်၊ နေအိမ်​​အမြောက်အမြား ပျက်​စီး

$
0
0

 

ဧရာဝတီတိုင်း ဟသာင်္တမြို့နယ်​၊ အင်္ဂပူမြို့နယ်​၊ မြန်​​အောင်​မြို့နယ်​​နဲ့ ​လေးမျက်​နှာမြို့နယ်​​တွေထဲက​ ကျေးရွာအချို့မှာ ဧပြီ ၁၈ ရက်​ ည​နေ ၃ နာခွဲလောက်က လေပြင်းတိုက်​ခတ်​ခဲ့လို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ပျက်စီးခဲ့ရပါတယ်။

ဟသာင်္တမြို့နယ်​​ထဲက ပဲကြီးကျွန်း​ကျေးရွာအုပ်​စုက ​ကျေးအချို့ အင်္ဂပူမြို့နယ်​ထဲ စစ်​ကုန်း​ကျေးရွာအုပ်​စုက ​ကျေးရွာအချို့၊ မြန်​​အောင်​မြို့နယ်​​ထဲက မျှင်​ဝါး​တောင်​​ကျေးရွာအုပ်​စု ထဲက ​ကျေးရွာအချို့၊ ​လေးမျက်​နှာမြို့နယ်​ထဲ​ ကျေးရွာအချို့​ လေ​ဘေးသင့်ခဲ့ကြတာပါ။

မျှင်​ဝါး​တောင်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးမြဦးက​ “မျှင်​ဝါး​တောင်​ရယ်၊ ​​ညောင်​ခုံရယ်​ နှစ်​ရွာ။ ​ညောင်​ခုံက အိမ်​ ၁၉ လုံး၊ မျှင်​ဝါး​တောင် ​၄ လုံး အမိုးလန်​တာ လန်​ပြိုတာပြိုပဲ။ ကာလတန်​ဖိုး​ငွေ က​တော့ ဘယ်​လို​တောင် ​တွက်​မယ်​ မသိဘူး။ တအိမ်​ကဆို အသစ်​ကြီး ခန့်​မှန်း​တော့ နှစ်​ရွာ​ပေါင်း သိန်း ၂၀၀ နီးပါး​တော့ ရှိမယ်​ထင်​တယ်။ ​အဲဒီစာရင်း​တွေကို​တော့ မြို့နယ်​ကို တင်​​ပေးထား ပါတယ်​” လို့ ​ပြောပါတယ်​။

လေးမျက်​နှာမြို့နယ်​ထဲက​တော့ ပန်​တင်​အုပ်​စုထဲက လည်​တန်​ငယ်​​ကျေးရွာမှာ​ လေ​ဘေးသင့်ခဲ့တာပါ။

အဲဒီကျေးရွာ​နေ ကိုဟန်​ဝင်းက​ “အိမ်​​ခြေ​ပေါင်း ၄၅ လုံး​ ကျော်​မယ်။ ​စာသင်​​ကျောင်း တ​ကျောင်းလည်း ပါသွားတယ်​။ ခန့်​မှန်း​တော့ စာသင်​​ကျောင်းအပါ ၅၅ သိန်းဖိုးလောက် ​ဆုံးရှုံးမယ်​လို့ ထင်​ပါတယ်​။ သူများ​မြို့နယ်​​တွေလို ထိုက်​သင့်တဲ့ ကူညီမှုတွေ​တော့ လိုချင်​ပါတယ်​။ အများကြီးလည်း မ​မျှော်​လင့်​ထားပါဘူး” လို့ ​ပြောပါတယ်​။

အင်္ဂပူမြို့နယ်​ထဲက​ စစ်​ကုန်း၊ သဓမ္မကျွန်းတို့မှာ ​လေ​ဘေးသင့်ခဲ့ပြီး စစ်​ကုန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးသန်းဦးက​ “ကျ​နော်​တို့ဆီက များတယ်​အကို။ စာသင်​​ကျောင်း သုံး​ကျောင်း တ​ကျောင်းက​နေလို့​တောင် ​မရနိုင်​​အောင် ​ယိုင်​သွားတယ်​။ အိမ်​​ခြေကလည်း ၂၅၀ ​ကျော်​မယ်​။ ဘုန်းကြီး​ကျောင်း ဆောက်​လက်​စကလည်း အားလုံးနီးပါး ပျက်​သွားတာ​။ ပြီးတော့ ဒီဘက်​က ​လေကာ​တွေ မရှိဘူး။ ​လေ​မြေနုကျွန်း​ပေါ်မှာ ​နေထိုင်​​နေရတာဆို​တော့ ပိုအထိနာတယ်​။ ​လေ​ဘေးသင့်တဲ့ သူ​တွေ အိမ်​​ထောင်​စု​တွေကို​တော့ ​နေလိုရတဲ့ အုပ်​စုတွင်းက စာသင်​​ကျောင်း နှစ်​ခုမှာ ခွဲပြီး​နေရာချထားတယ်။  ခန့်​မှန်းဆုံးရှုံးမှု ဘယ်​က စတွက်​ရမှန်း​တောင် ​မသိပါဘူးဗျာ”လို့ ​ပြောပါတယ်​။

အင်္ဂပူမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးရဲရင့်လှိုင်​က​ “ကျ​နော်​ကိုယ်​တိုင် ​ဌာနဆိုင်​ရာ​တွေနဲ့ ကွင်းဆင်းမယ်၊ ​ပူ​ပေါင်းပြီး ကူညီမယ်၊။ ခရိုင်​တိုင်း လူကယ်​ပြန်​ကို ခုဖြစ်​စဉ်​​တွေကိုလည်း အချိန်​နဲ့ တ​ပြေးညီ တင်ပြ​နေပါတယ်​။ ​လေ​ဘေးသင့် ပြည်​သူ​တွေကို အမြန်​ဆုံး ကူညီမှု​ပေးနိုင်​ဖို့ ဆပ်​စပ်​​ဆောင်​ရွက်​​နေပါတယ်​” လို့ ဒီဗွီဘီကို​ပြောပါတယ်​။

အခုနှစ်​အတွင်း ဟသာင်္တခရိုင်​အတွင်းမှာ ​လေ​ပြင်းတိုက်​ခတ်​တာတွေ ဆက်တိုက်​ဆိုသလို ဖြစ်​​ပေါ်​နေတာပါ။

The post ဟင်္သာတ​ခရိုင် ၄ မြို့နယ်တွင် လေပြင်းတိုက်​ခတ်၊ နေအိမ်​​အမြောက်အမြား ပျက်​စီး appeared first on DVB.

မြိတ်ကျွန်းစုဒေသသို့ ပြည်တွင်းခရီးသည် လာရောက်လည်ပတ်မှုများပြား

$
0
0

 

အခုနှစ် သင်္ကြန်ကာလနဲ့ သင်္ကြန်ပြီးအချိန်အထိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကို ပြည်တွင်းက လာရောက်လည်ပတ်သူ များပြားနေပြီး အများစုမှာ ကျွန်းခရီးကို အများဆုံး သွားရောက်ကြတယ်လို့ မြိတ်အခြေစိုက် ခရီးသွားကုမ္ပဏီတွေက ပြောပါတယ်။

မြိတ်ဒေသကို လာရောက်လည်ပတ်ဖို့ ပြည်တွင်းပြည်ပက ဧည့်သည်တွေ ပိုမိုစိတ်ဝင်စားမှု မြင့်တက်နေပြီး အခုနှစ်မှာ သင်္ကြန်မတိုင်ခင်ကပင် ဟိုတယ်နဲ့ တည်းခိုခန်းတွေ အပါအ၀င် ကျွန်းခရီးကို သွားရောက်လည်ပတ်ဖို့ ကြိုတင်ဘိုကင်လုပ်ထားသူတွေ စံချိန်ချိုးခဲ့ကြောင်း မြိတ်မြို့ရှိ ခရီးသွား လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။

BLISSFUL MYANMAR ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဒေါက်တာသိန်းရွှေမြင့်က “ဒီနှစ်က သင်္ကြန်ကာလမှာ အထက်မြန်မာပြည်က ပြည်တွင်းဧည့်သည်တွေ အများဆုံး လာရောက်လည်ပတ်တဲ့နှစ်ဖြစ်သလို မြိတ်ကျွန်းစုအပန်းဖြေခရီးကို ပိုစိတ်တစားနဲ့ သွားရောက်ကြတာ ပိုများတယ်” လို့ ပြောပါတယ်။

မြိတ်မြို့မှာ သင်္ကြန်ကာလ ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် လာရောက် အပန်းဖြေ ခဲ့ကြတဲ့ အနယ်နယ်အရပ်ရပ်က သင်္ကြန်ချစ်သူတွေဟာ သင်္ကြန်အကြိုနေ့မှာ ဧည့်သည်ဦးရေ ၆၀၀၊ အကျနေ့တွင် ၈၀၀၊ အကြတ်နေ့မှာ ၈၀၀ ဦးကျော်သွားရောက် အပန်းဖြေခဲ့သလို သင်္ကြန်အတက်နေ့နဲ့ ဧပြီလ ၁၉ ရက်နေ့အထိလည်း ဆက်လက်သွားရောက် အပန်းဖြေ နေကြကြောင်း ခရီးသွားကုမ္ပဏီတွေက ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှ လာရောက် အပန်းဖြေသူ ကိုထူးထူးအောင်က “နိုင်ငံခြားမှာဆိုရင် ဖန်ကွဲစလေးတွေနဲ့ လုပ်ထားတဲ့ ကျောက်လေးတွေပဲ တွေ့ရတာပါ။ ကြည့်ရတာလည်း တော်တော်လှသလိုမျိုး ဒီမှာ မြိတ်ကျွန်းစုမှာက ကမ်းခြေတွေနဲ့ သဲသောင်ပြင်တွေရှိသလို ကမ္ဘာမှာ ရှားရှားပါးပါးရှိတဲ့ ကျောက်စလစ်ခဲလေးတွေ ရှိတဲ့ ဒီပါပန့်ကျွန်းက အင်တာနက်ပေါ်မှာ သူငယ်ချင်းတွေ တင်ထားတဲ့ ပုံတွေကို တွေ့ရတာထက် ကိုယ်တိုင် မြင့်ဝါးထင်ထင် တွေ့ရတော့ ပိုလှနေတာကို တွေ့ရတာ။ ဒီခရီးကို လာရတာ အရမ်းတန်တယ်” လို့ ပြောပါတယ်။

မြိတ်ကျွန်းစုရဲ့ အပန်းဖြေခရီးစဉ်အနေနဲ့ ခရီးသွားကုမ္ပဏီတွေက ခရီးသွား ဧည့်သည်တွေကို လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီးရေတွင်းကျွန်း၊ ပါပန့်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥစောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဒီကျွန်းနဲ့ ဒုံးညောင်းမိုင်း ကျေးရွာတို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း – ဇော်ဇော် (မြိတ်)

The post မြိတ်ကျွန်းစုဒေသသို့ ပြည်တွင်းခရီးသည် လာရောက်လည်ပတ်မှုများပြား appeared first on DVB.

မိုးညိုတွင် လေဆင်နှာမောင်း တိုက်ခတ်၊ အိမ်ခြေ ၈၀၀ ကျော် ပျက်စီး

$
0
0

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်မှာ မနေ့ညနေ ၅နာရီလောက်က တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် ကျေးရွာ ၂၉ ရွာက လူနေအိမ်တွေ ပြိုကျပျက်စီး၊ အမိုးလန်၊ သစ်ပင်ပိ စတာတွေဖြစ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးကို မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ဆေးကုသမှု ခံယူနေရပါတယ်။

မိုးညိုမြို့နယ် ထိန်တောအုပ်စု အင်းတ္တော်လုပ်အုပ်စု ပေါက်ကုန်းအုပ်စု ညောင်ဝိုင်းအုပ်စု ရွှေခဲအုပ်စု ကြို့ပင်သာအုပ်စု စတဲ့ ကျေးရွာအုပ်စု ၆ ခု အတွင်းမှာရှိတဲ့ ကျေးရွာ ၂၉ ရွာက အိမ်ခြေ ၅၂၀ လောက် ပျက်ဆီးတယ်လို့ သိရှိရပြီး ဒီနေ့ မနက်မှာတော့ အိမ်ခြေ ၈၀၀ ကျော်အထိ တိုးလာတယ်လို့ မိုးညိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ဒီဗွီဘီ ကို ပြောပါတယ်။

လေဘေးကြောင့် မိသားစု ၈၀၀ ကျော်လောက် နေရေးစားရေး အခက်အခဲနဲ့ ကြုံတွေ့နေကြရပါတယ်။

လက်ရှိအချိန်မှာတော့ လေဘေးသင့်ပြည်သူတွေအတွက် မိုးညိုမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ပြီ်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေ တယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ – ဝဏ္ဏထွန်း

The post မိုးညိုတွင် လေဆင်နှာမောင်း တိုက်ခတ်၊ အိမ်ခြေ ၈၀၀ ကျော် ပျက်စီး appeared first on DVB.
