Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပြည်နယ်တိုင်း ၇ ခုတွင် မိုးရွာ၊ လေပြင်းတိုက်ပြီး မိုးသီးကြွေနိုင်

$
0
0

 

ပြည်နယ်တိုင်း ၇ ခုမှာ အချိန်အခါမဟုတ် မိုးရွာ၊ လေပြင်းတိုက်ပြီး မိုးသီးကြွေမယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီညနေကစလို့ နောက် ၃ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ အောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနသတင်းမှာ ဖော်ပြပါတယ်။

အနောက်ဘက်က ရွေ့လျားလာတဲ့ လေအေးတွေနဲ့ ဘင်္ဂလားပင်လယ်အော်က ရွေ့လျားလာတဲ့ လေနွေးတို့ စုဆုံမှုကြောင့် လေထု အခြေမခိုင်မှုဖြစ်ပြီး အဲ့ဒီ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။

လေပြင်း တနာရီ ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။

The post ပြည်နယ်တိုင်း ၇ ခုတွင် မိုးရွာ၊ လေပြင်းတိုက်ပြီး မိုးသီးကြွေနိုင် appeared first on DVB.


Viewing all articles

Trending Articles