Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဧရာဝတီမြစ်ရေ မြင့်တက်လာနေ၊ လှေသင်္ဘောများ ဂရုပြုသွားလာရန်သတိပေး

$
0
0

 

မန္တလေးမြို့၊ သပိတ်ကျင်းမြို့၊ မြင်းမူမြို့နဲ့ စစ်ကိုင်းမြို့တွေမှာ ဧရာဝတီမြစ်ရေဟာ ၃ ရက်အတွင်း ၂ ပေကနေ ၆ ပေခွဲအထိ မြင့်တက်ခဲ့လို့ မြစ်ကြောင်းသွား ရေယာဉ်၊သင်္ဘောတွေ ဂရုပြုသွားလာကြဖို့ မိုးဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။

အဲဒီမြို့တွေမှာမြင့်တက်ခဲ့တဲ့ မြစ်ရေကြောင့် နောက် ၁ ရက်ကနေ ၃ ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ပခုက္ကူနဲ့ ညောင်ဦးမြို့တို့မှာ ၁ ပေခွဲကနေ ၄ ပေ ခန့်အထိ မြင့်တက်မယ်၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန် စတဲ့ မြို့တွေမှာလည်း ၁ ရက်ကနေ ၆ ရက်အတွင်း ၁ ပေကနေ ၂ ပေခွဲလောက်အထိ ရေတက်နိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြထားပါတယ်။

The post ဧရာဝတီမြစ်ရေ မြင့်တက်လာနေ၊ လှေသင်္ဘောများ ဂရုပြုသွားလာရန်သတိပေး appeared first on DVB.


Viewing all articles

Trending Articles