Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက် အတိုင်ပင်ခံရုံး ထုတ်ပြန်

$
0
0

 

တနိုင်ငံလုံး အပူချိန်မြင့်တက်နေလို့ သတိပြုနေထိုင်သွားလာကြဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက နှိုးဆော်အသိပေးလိုက်ပါတယ်။

မြန်မာပြည်အလယ်ပိုင်းဒေသက မြို့တွေဖြစ်တဲ့ ချောက်၊ ညောင်ဦး၊ မင်းဘူး၊ ဂန့်ဂေါ၊ မုံရွာ၊ မန္တလေး၊ တောင်တွင်းကြီး၊ ပေါက်၊ ဆင်ဖြူကျွန်း စတဲ့ မြို့တွေရဲ့ အပူချိန်ဟာ ၄၃ဒီဂရီစင်တီဂရိတ်ကနေ ၄၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေပါတယ်။

အတိုင်ပင်ခံရုံးရဲ့ သတိပေးချက်မှာ နေပြင်းပြင်းပူတဲ့အချိန် အပြင်ထွက်ရင် ဦးထုပ်၊ ထီး စတဲ့ အကာအကွယ်များ မဖြစ်မနေ ဆောင်ပါ။

အပြင်ကပြန်လာပြီး ချက်ခြင်း ရေချိုးခြင်း ရေလောင်းခြင်း ရှောင်ပါ။

နေပြင်းပြင်းပူတဲ့ နေ့လည်ပိုင်းမှာ ရေချိုးခြင်း သတိပြုပါ။

အပူစုတ်တဲ့ အမည်းရောင်၊ အညိုရောင်၊ အပြာရောင်စတဲ့ အရောင်ရင့်ရင့် အ၀တ်အစားများ၊ နိုင်လွန်၊ ပိုးချည် အ၀တ်အစားများ ရှောင်ပါ။

အပူ မစုတ်ဘဲ အေးတဲ့ ချည်ထည်၊ အဖြူကဲ့သို့ အရောင်လွင်လွင် ပွပွချောင်ချောင် အ၀တ်အစားများ ၀တ်ဆင်ပါ။

အရက် အလွန်အကျွ့သောက်သုံးခြင်း ရှောင်ပါ။

အပူဒဏ် ပြင်းလွန်းတဲ့အချိန် ရေခဲရေသောက်ခြင်း သတိပြုပါလို့ အတိုပင်ခံရုံးက သတိပေး နှိုးဆော်ထားပါတယ်။

The post အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက် အတိုင်ပင်ခံရုံး ထုတ်ပြန် appeared first on DVB.


Viewing all articles

Trending Articles