Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

သင်္ကြန်တွင်း မုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း

$
0
0

သင်္ကြန်တွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတခုဖြစ်ပေါ်နိုင်ပြီး နှစ်ဆန်းတရက် ဧပြီ ၁၇ ရက်မှာ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော် ၀င်ရောက်နိုင်တာပါ။

“၁၄ ရက်နေ့လောက်ကျရင် လေဖိအားနည်းရပ်ဝန်း၊ ဘင်္ဂလားပယ်လယ်အော် တောင်ပိုင်းလောက်မှာ ဖြစ်နိုင်တယ်။ လေဖိအားနည်းရပ်ဝန်းက နည်းနည်းလေး အားကောင်းလာပြီးတော့ မုန်တိုင်းငယ်အဖြစ်နဲ့ ၁၆၊ ၁၇ လောက်ကျရင် မြန်မာနိုင်ငံဘက်ကို ဦးတည်လာနိုင်တဲ့ အနေအထားလေးရှိတယ်၊ ၁၇ ရက် ညနေပိုင်းလောက် ရခိုင်ကမ်းရိုးတန်းကို ဖြတ်မယ် မှန်းတယ်။”
မုန်တိုင်းငယ်အဖြစ် အားကောင်းမလာဘဲ လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ပဲ ပယ်လယ်ထဲ အားပျော့ပျက်ပြယ်သွားမလားဆိုတာ စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။

မိုးလေ၀သဌာနရဲ့ ဒီနေ့ မွန်းလွဲ ၂ နာရီအချိန်ထုတ်ပြန်ချက်ထဲမှာတော့ နောက် ၇၂ နာရီအတွင်း ဘင်္ဂလားပယ်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

The post သင်္ကြန်တွင်း မုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း appeared first on DVB.


Viewing all articles

Trending Articles