Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

သင်္ကြန်အကျနေ့ လေပြင်းတိုက်ခက်မှုကြောင့် တောင်ကြီးမြို့အိမ်ခေါင်မိုးအချို့ပျက်စီး

$
0
0

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ နံနက် ၆ နာရီအချိန်မှာ လေပြင်းတိုက်ခတ်မှုကြောင့် တောင်ကြီးမြို့ပေါ်ရှိ အိမ်အမိုးအချို့ လွင့်စင် ပျက်စီးသွားပါတယ်။

တောင်ကြီးမြို့မြို့မရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြသုခရုပ်ရှင်ရုံ အမိုးသွပ်(၁၂၀)ချပ် တန်ဖိုးနှစ်သိန်းကျော်၊ အမက(၈) စာသင်ဆောင်အမိုး သွပ်း(၂၀)ချပ် တန်ဖိုးလေးသောင်းကျော်နဲ့ သစ်ပင်ပြိုလဲမှုကြောင့် သစ်တောဦးစီးဌာနဝင်း အုတ်တံတိုင်းပြိုကျ သွားကြောင်း သိရပါတယ်။

အဲဒီလေပြင်းတိုက်ပြီး သစ်ပင်၊ အိမ်အမိုးနဲ့ အုတ်တံတိုင်းပြိုကျမှုမှာ လူ၊ တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်။

ခွန်ရာဇာ

The post သင်္ကြန်အကျနေ့ လေပြင်းတိုက်ခက်မှုကြောင့် တောင်ကြီးမြို့အိမ်ခေါင်မိုးအချို့ပျက်စီး appeared first on DVB.


Viewing all articles

Trending Articles