Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တာချီလိတ်ခရိုင်၊ တာလေမြို့အနီး မြေငလျင်လှုပ်

$
0
0

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာလေမြို့မှာ ဒီကနေ့မွန်းလွဲပိုင်းက အင်အားအနည်းငယ်ရှိတဲ့ မြေငငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဧပြီ ၁၈ ရက် မြန်မာစံတော်ချိန် ၁၅ နာရီ ၄၅ မိနစ် ၂၀ စက္ကန့်အချိန်မှာ မန္တလေး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၂၇၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (တာလေမှ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ) ကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ  မြေငလျင်တခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

ငလျင်နဲ့ပတ်သက်တဲ့ အပျက်အစီး ထိခိုက်မှုရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။

The post တာချီလိတ်ခရိုင်၊ တာလေမြို့အနီး မြေငလျင်လှုပ် appeared first on DVB.


Viewing all articles

Trending Articles