ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးကြီးပြီး ရုတ်တရက်ရေကြီးမယ်။ မြေပြိုနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။
အခုကစပြီး နောက် ၃၆ နာရီအတွင်း အဲဒီဖြစ်စဉ်တွေ ဖြစ်ပွားနိုင်တာဖြစ်တယ်။ မြန်မာပြည်မြောက်ပိုင်းမှာ လေဖိအားနည်း ချိုင့်ဝှမ်းဖြတ်သန်းတဲ့အတွက် မိုးကြီးမယ်လည်း ဦးထွန်းလွင်က သူ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။
“မိုးအရှိန်ကြောင့် မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ တောင်ကျချောင်းရေ ကျဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ မိုးနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ပါ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံများအနေဖြင့် သတိပြုနေထိုင်ကြရန် နှိုးဆော်အပ်ပါတယ်။
ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေများလည်း မြင့်တက်လာနိုင်သဖြင့် မြစ်ကြီးများသာမက မြစ်အငယ်နှင့် ချောင်းများအနီး ပတ်ဝန်းကျင်တွင် နေထိုင်သူများအနေဖြင့် ရုတ်တရက် ရေများမြင့်တက်လာမှုကို သတိပြုနေထိုင်ကြပါရန် နှိုးဆော်အပ်ပါတယ်။”
မိုးလေ၀သဌာနရဲ့ ဧပြီ တတိယ ၁၀ ရက်ပတ် ထုတ်ပြန်ချက်မှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက် မိုးပိုရွာနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
The post ကချင်နှင့် စစ်ကိုင်းအထက် မိုးကြီးပြီး မြေပြိုနိုင်ဟု ဦးထွန်းလွင် သတိပေး appeared first on DVB.