Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဖောင်းပြင်မြို့တွင် လေပြင်းနှင့် မိုးသီးများကျ၊ နေအိမ်အချို့ ပျက်စီး

$
0
0

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းကျေးရွာအုပ်စု ခုံသာကျေးရွာမှာ အချိန်ခါမဟုတ် လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေကျခဲ့လို့ လူနေအိမ်တချို့ ပျက်စီးသွားပါတယ်။

တချို့အိမ်တွေမှာ အပင်များပြိုလဲပြီး အိမ်ခေါင်သွပ်တွေလန်ပြီး ထရံကပ်တွေလည်း ပျက်စီးမှုတွေ ရှိခဲ့တာပါ။

“မိုးသီးတွေက တော်တော်ကြီးတယ်။ လူတောင် ခေါင်းပေါက်နိုင်တယ်။ ပထမ လေပြင်းတိုက်လာတယ်၊ နောက်ပြီး မိုးရွာပြီးတော့ မိုးသီးပါ ပါလာတာ” လို့ ဖောင်းပြင်မြို့မှာ နေထိုင်တဲ့ မထွေးထွေးက ပြောပါတယ်။

အခုလိုလေပြင်းတိုက်ခတ်ပြီး မိုးသီးတွေကျခဲ့မှုကြောင့် လူအသေပျောက်မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဧပြီလတုန်းကလည်း အလားတူ မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးနဲ့အတူ မိုးသီးအများပြားကျတာဟာ ဖောင်းပြင်မြို့မှာ ဖြစ်ခဲ့ဖူးပါတယ်။

ရန်နိုင်စိုး

The post ဖောင်းပြင်မြို့တွင် လေပြင်းနှင့် မိုးသီးများကျ၊ နေအိမ်အချို့ ပျက်စီး appeared first on DVB.


Viewing all articles

Trending Articles