Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဒီဇင်ဘာ ၁၀ ရက်ပတ်အတွင်း မုန်တိုင်းဖြစ်နိုင်သေးဟု မိုးဇလခန့်မှန်း

$
0
0

ဒီဇင်ဘာလ ပထမ ၁၀ ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုန်တိုင်းတကြိမ် ဖြစ်နိုင်သေးတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ပြည်နယ်တိုင်း ၁၄ ခုမှာ မိုးရွာနိုင်သေးတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း၊ ရှမ်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် ရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါ။

တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ၃ ရက်၊ ၄ ရက်ခန့်နဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၁ ရက်ကနေ ၃ ရက်ခန့်အထိ ရွာနိုင်တယ်လို့ ဆိုပါတယ်။

ပြည်နယ်တိုင်းတချို့မှာ  မြူထူတွေဆိုင်းနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၅ ရက်ကနေ ၇ ရက်ခန့်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂ ရက်ကနေ ၄ ရက်ခန့် မနက်ပိုင်းမှာ မြူဆိုင်းနိုင်တယ်လို့လည်း ခန့်မှန်းထုတ်ပြန်ထားပါတယ်။

The post ဒီဇင်ဘာ ၁၀ ရက်ပတ်အတွင်း မုန်တိုင်းဖြစ်နိုင်သေးဟု မိုးဇလခန့်မှန်း appeared first on DVB.


Viewing all articles

Trending Articles