Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းငယ် ကျောက်ဖြူနှင့် မာန်အောင်အကြား ဖြတ်ကျော်ဝင်ရောက်နိုင်

$
0
0

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့ မေ ၂၉ ရက် ညနေပိုင်းမှာ  ရခိုင်ပြည်နယ် အလယ်ပိုင်းကမ်းခြေကို မာန်အောင်မြို့နဲ့ ကျောက်ဖြူမြို့အကြားမှ ဖြတ်ကျော် ဝင်ရောက်သွားနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ဒီမနက် ၉ နာရီကျော်လောက်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မုန်တိုင်း ဗဟိုချက်အနီးမှာ လေတိုက်နှုန်းအများဆုံး တနာရီ ၄၅ မိုင်လောက်နဲ့ တခါတရံ တနာရီ မိုင် ၅၀ နှုန်းလောက်နဲ့ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် ကမ်းထောင့်ကြီး၊ မအီ၊ ကျောက်ဖြူ၊ မာန်အောင်၊ ငပလီ၊ ကျိန္တလီ စတဲ့ မြို့နယ်တွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာနိုင်ပြီး လေပြင်း တနာရီ မိုင် ၄၀ ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့်  အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလဌာနကလည်း ဒီမနက် ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ဒေါက်တာထွန်းလွင်

The post မုန်တိုင်းငယ် ကျောက်ဖြူနှင့် မာန်အောင်အကြား ဖြတ်ကျော်ဝင်ရောက်နိုင် appeared first on DVB.


Viewing all articles

Trending Articles