Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လေပြင်းတိုက်ခတ်သဖြင့် ဟိုင်းကြီးကျွန်းတွင် ခရီးသည် ၇၀ ပါသင်္ဘော ကျောက်တန်းပေါ်တင်

$
0
0

 

ပုသိမ်မြို့ကနေထွက်ခွာလာတဲ့ ခရီးသည်တင် သင်္ဘောတစီးဟာ မနေ့က ရုတ်တရက် လေပြင်းတိုက်လို့ဟိုင်းကြီးကျွန်း ကျောက်ငူရွာအနီးမှာ ရေအောက်ကျောက်တန်းပေါ်တင်သွားပြီး ခရီးသည်တွေကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပါတယ်။

ပုသိမ်ကနေ ဟိုင်းကြီးကျွန်းမြို့၊ ခမောက်မော်ရွာကို သွားနေတဲ့ စိုးလင်းကျော် (၅) သင်္ဘောဟာ မေလ ၂၈ ရက် မနက်ပိုင်းက ရုတ်တရက် လေပြင်းတိုက်လာလို့ ကျောက်ငူကျေးရွာဆိပ်ကမ်းကို အရေးပေါ် ဆိပ်ကပ်တုန်းမှာ ရေအောက်ကျောက်တန်းပေါ်ကို တင်သွားခဲ့တာပါ။

ဒါကြောင့် ခရီးသည်တွေကို မြို့သစ်ရွာ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ဆိပ်ကမ်းပေါ်ကို ကူညီပို့ပေးကြပြီး ကျောက်ငူရွာ ဘုန်းကြီးကျောင်းနဲ့ အသိမိတ်ဆွေတွေရဲ့ အိမ်မှာတည်းခိုခဲ့ရပါတယ်။

သဘောင်္ကို ရေတက်ချိန်မှာ ပြန်ထွက်ခွာဖို့ စီစဉ်ထားပေးမယ့် ကျောက်တန်းပေါ်ကနေ သင်္ဘောကို ပြန်ချဖို့ ခက်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီသဘောင်္မှာ ခရီးသည် အယောက် ၇၀ ပါလာပြီး ခရီးသည်တွေဟာ ကုန်းလမ်းခရီးကနေ ကား၊ ဆိုင်ကယ်တွေနဲ့ ထွက်ခွာသွားကြပြီလို့ ဆိုပါတယ်။

The post လေပြင်းတိုက်ခတ်သဖြင့် ဟိုင်းကြီးကျွန်းတွင် ခရီးသည် ၇၀ ပါသင်္ဘော ကျောက်တန်းပေါ်တင် appeared first on DVB.


Viewing all articles

Trending Articles