Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် သေဆုံးသူ ၆၄ ဦးရှိပြီ

$
0
0

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို စက်တင်ဘာ ၁၅ ရက်နေ့က စူပါတိုင်ဖွန်းမုန်တိုင်း မင်းကွတ် ဝင်ရောက်ခဲ့ပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၆၄ ဦးရှိပြီလို့ သိရပါတယ်။

အဲဒီနေ့ တရက်တည်းမှာပဲ စူပါတိုင်ဖွန်းမုန်တိုင်းဟာ တရုတ်နိုင်ငံ မကာအိုနဲ့ ဟောင်ကောင်ကျွန်းတွေကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာ ၁၆ ရက်နေ့မှာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ကို ဝင်ရောက်ခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကို ကိုးကားပြီး ဘီဘီစီက  သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကွမ်တုံပြည်နယ်နဲ့ ဟိုင်နန်ကျွန်းပေါ်က လူ ၂ သန်းခွဲကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။

ဟောင်ကောင်မှာ မုန်တိုင်းကြောင့် အဆောက်အဦတွေ ပျက်စီး၊ လမ်းတွေ ရေကြီးပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မုန်တိုင်းဟာ ၁ နာရီ ၃၃ ကီလိုမီတာနှုန်းနဲ့ ရွေ့လျားပြီး ကွမ်ရှီးဇူအန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဆက်လက်ဝင်ရောက်ခဲ့ပါတယ်။

ဒီအတွက် ကွမ်းရှီးဒေသမှာ မုန်တိုင်းမလာခင် အရေးပေါ်အစီအစဉ်တွေ ကြိုတင်လုပ်ဆောင်တဲ့အနေနဲ့ လူ ၂ သိန်းကျော်ကို ဘေးလွတ်ရာဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

တိုင်ဖွန်း မင်းကွတ်ဟာ အာရှဒေသအတွက် နှစ်ပေါင်း ၆ဝ အတွင်း အားအပြင်းဆုံး စူပါတိုင်ဖွန်းဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။


Viewing all articles

Trending Articles