နှစ် ၆၀ အတွင်း ကမ္ဘာ့အားအပြင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်းဒဏ် ခံခဲ့ရပေမယ့် တရုတ်နိုင်ငံ တောင်ပိုင်းက နျူကလီးယား ဓာတ်အားပေးစက်ရုံ အသီးသီးဟာ ဘေးကင်းတည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ တရုတ်အစိုးရရုပ်သံ စီစီတီဗွီက စက်တင်ဘာ ၁၇ ရက်နေ့မှာ ပြောပါတယ်။
စူပါတိုင်ဖွန်း မင်းကွတ်ဟာ တနာရီကို ၁၉၈ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့တာပါ။
မုန်တိုင်း တိုက်ခတ်ခဲ့ပေမယ့် ကမ္ဘာ့အကြီးဆုံး ပင်လယ်ဖြတ်တံတားတွေထဲက တခုဖြစ်တဲ့ ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတားရဲ့ စနစ်အားလုံး ပုံမှန်အတိုင်း ရှိနေတယ်လို့လည်း ဆိုပါတယ်။
မင်းကွတ်မုန်တိုင်းကြောင့် ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတောင်ပိုင်းမှာ စုစုပေါင်း လူအယောက် ၈၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်မှာလည်း မြေပြိုမှုတွေ ဖြစ်ခဲ့လို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။