Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဘွက်ကြီးရေလှောင်တမံ တာဘောင်နိမ့်ကျလာ၍ ရွာသားများရွှေ့ပြောင်း

$
0
0

မကွေးတိုင်းဒေသကြီး၊  အောင်လံမြို့နယ်ထဲက ဘွက်ကြီးရေလှောင်တမံ တာဘောင်မှာ မြေတွေ ထပ်နိမ့်လာလို့ အနီးနားမှာ ရှိတဲ့ ဒေသခံ ရွာသားတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင် နေကြရပါတယ်။

စက်တင်ဘာလဆန်း ၃ရက်လောက်ကတည်းက  တာဘောင်ရဲ့ အလယ်လောက်မှာ အလျားက ပေ ၁၅၀ လောက်၊ အနံက ပေ ၃၀ လောက်က အနက် ၃ ပေလောက် နိမ့်ကျသွားပြီး ကလိုင်ပေါက်တွေ ဖြစ်ခဲ့တာပါ။

အဲဒီနိမ့်သွားတဲ့ နေရာကို ရေမဝင်အောင်နဲ့ ရေအိုင်မဖြစ်အောင် ဝါးနဲ့ ငြမ်းဆင်ပြီး ထရံလိပ်ပေါ် မိုးကာတွေ တင်ထားသလို အပေါ်က ဆင်းလာမယ့် ရေစီးကို လမ်းကြောင်းလွှဲဖို့ အတွက် ဆည်မြောင်းဌာနက သဲအိတ်တွေလည်း ကာထားပေးပါတယ်။

အောင်လံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအေးကျော်က “အခု ထပ်ပြီး မြေနိမ့် လာတာ ၂ ရက်လောက်ရှိပြီ။ အရင်နေရာရဲ့ အထက်မှာ ပေ ၁၀၀ လောက်အရှည်၊ အနက် ၁ ပေခွဲလောက် နိမ့်သွားတာပါ။ မနေ့ကတော့ တိုင်းအဆင့် ဆည်မြောင်း တာဝန်ရှိသူတွေက စက်ကြီးတွေနဲ့ လာပြီး ပြုပြင်ပါတယ်။ သူတို့က စိုးရိမ်စရာ မရှိဘူး ပြောမယ့် အနားက ရွာသားတွေကတော့ တခြား လွတ်ရာမှာ ပြောင်းရွှေ့နေကြတာပေါ့” လို့ ပြောပါတယ်။

ဆည်နဲ့အနီးဆုံးမှာ တံခွန်တိုင်နဲ့ မောင်းမလှုပ်ရွာ နှစ်ရွာရှိပြီး တာဘောင်နိမ့်ကျတဲ့ အောက်ဘက်မှာ ရွာ ဆယ်ရွာလောက်ရှိတယ်လို့ သိရပါတယ်။

သမ္ဗူလရွာသားဦးဝင်းကိုကိုက “အဓိက ကတော့ တံခွန်တိုင်ရွာကလူတွေ ပြောင်းကြ တယ်။ မောင်းမလှုပ်ရွာကတော့ သက်ကြီးရွယ်အိုတွေ ပြောင်းနေကြတယ်။ တခြားရွာကတွေ ကလည်း အခု အခြေအနေလာကြည့်နေကြပါတယ်” လို့ ပြောပါတယ်။

ဒီနေ့မှာလည်း တာဘောင်ဟာ မြေတပေလောက် ထပ်နိမ့်သွားတယ်လို့ သူက ပြောပါတယ်။

တံခွန်တိုင်ရွာသားတယောက်ကတော့ “အခု အိမ် ၂၅၀ ကျော် ပြောင်းသွားကြပါပြီ။ ရွာထဲမှာတော့ ၁၅ အိမ်လောက်ကျန်တယ်။ တမံအထက်ဘက်ကို ပြောင်းကြတယ်။ ရွာရဲ့ တောင်ဘက် အမြင့်ပိုင်းကို ပြောင်းကြတာပါ။ တဲတွေ ထိုးပြီး နေကြတယ်” လို့ ပြောပါတယ်။

ဘွက်ကြီးဆည်ဟာ ဒီနေ့မနက်မှာ ရေပိုလွှဲက ရေ ၁ ဒသမ ၂ ပေကျော်နေတယ်လို့ ဆည်မြောင်းဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Than Soe


Viewing all articles

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)