Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

$
0
0

ဒီနေ့မနက် တိုင်းထွာချက်အရာ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နဲ့ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပြီး ကယားပြည်နယ်မှာ နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း) နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်နဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းကြီးနိုင်ပြီး အမြင် ၉ ပေကနေ ၁၂ ပေလောက် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေကနေ ၇ ပေလောက် ရှိနိုင်ပါတယ်။

လာမယ့် ၂ ရက်အတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုပါတယ်။

ဒီနေ့ညနေထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။


Viewing all articles

Trending Articles


စနေမင်း နှင့် တနင်္ဂနွေမင်း


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား