Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းငယ် မြစ်ဝကျွန်းပေါ်ကို ဝင်နိုင်၊ ပင်လယ်ပြင် သင်္ဘောများကို သတိပေး

$
0
0

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး လာမယ့် ၃၆ နာရီအတွင်း မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့ညနေ ၄ နာရီအချိန် တိုင်းထွာချက်တွေအရ လေဖိအားနည်းရပ်ဝန်းဟာ ဆက်ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။

“နောက် ၁၈ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး နောက် ၃၆ နာရီအတွင်း မြစ်ဝကျွန်းပေါ်ဒေသ၊ ပုသိမ်၊ ရန်ကုန်ဘက်ကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်” လို့ မိုးလေဝသဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။

လတ်တလောမှာတော့ အဲဒီ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီနေ့ ညနေကနေ နောက်နေ့ညနေအထိ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသလို နေရာကွက်ပြီး မိုးကြီးမယ်လို့လည်း သူက ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးမယ်၊ လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြုကြဖို့ အကြံပြုထားပါတယ်။


Viewing all articles

Trending Articles


မလေးရှားလေယာဉ်ကြီး ဘယ်ရောက်သွားပြီလဲ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link