Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လေဖိအားနည်းရပ်ဝန်း မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်ကျော်ဝင်ရောက်

$
0
0

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မြစ်ဝကျွန်းပေါ်ဒေသတွေကို ဖြတ်ကျော်ဝင်ရောက်နေပြီး အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမယ်လို့လည်း မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

မိုးသက်လေပြင်းကျတုန်းမှာ ရေပြင်/မြေပြင်လေဟာ တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ နေပြည်တော်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တွေမှာ နေရာကျဲကျဲနဲ့ ကျန် တိုင်းနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာတော့ ဒေသအလိုက်နဲ့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်တယ်၊ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ ထိုင်းပင်လယ်ကွေ့အတွင်း ဝင်ရောက်လာခဲ့တဲ့ မုန်တိုင်းငယ်တလုံးဟာ တနင်္သာရီကမ်းရိုးတန်းကို ဖြတ်သန်းခဲ့ပြီးနောက် အားလျော့ကျသွားကာ မုန်တိုင်းအကြွင်းအကျန် (သို့မဟုတ်) အရှေ့လေပွေလှိုင်းအဖြစ် တနင်္သာရီတိုင်း ကမ်းလွန်ရေပြင်မှ မွန်ကမ်းလွန်ရေပြင်၊ မုတ္တမကွေ့၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း ဒေသတွေကို ဦးတည်ရွေ့လျှားလာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လေပွေလှိုင်းရွေ့လျှားရာ လမ်းတလျှောက် မိုးသည်းထန် လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ချင်းပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်ဖို့ အလားအလာ များတယ်လို့လည်း ခန့်မှန်းထားပါတယ်။


Viewing all articles

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး