Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တတိယအကြိမ် ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပ

$
0
0

ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖြစ် တတိယအကြိမ် ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို ဇန်နဝါရီက ၂၇ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်ဝန်းအတွင်းမှာ ကျင်းပခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေးက နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီး အခုလို ချယ်ရီပန်းပင်ပူးပေါင်းစိုက်ပျိုးတာတွေက ဂျပန်-မြန်မာ ဆက်ဆံရေးကို ပိုးတိုးလာမှာလည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ချယ်ရီပန်းပင်တွေကိုတော့ ရန်ကုန်တိုင်း လွှတ်တော်ဝန်းအတွင်းမှာ အပင် ၁၂၀၊ ပြည်သူရင်ပြင်မှာ အပင်ပေါင်း ၁၄၀ နဲ့ မဟာန္ဓုပန်းခြံမှာ ချယ်ရီပင် ၅ ပင် စိုက်ပျိုးသွားမယ်လို့ ပြောပါတယ်။

ပထမကြိမ် ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖြစ် ၂၀၁၇ ခုနှစ်က နေပြည်တော်မှာ ချယ်ရီပန်းပင် ၁၀၀ ကို စိုက်ပျိုးခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာလည်း ဒုတိယအကြိမ်ချယ်ရီစိုက်ပျိုးတာကို နေပြည်တော်က MICC မှာ စိုက်ပျိုးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်းမှာလည်း ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ရည်ရွယ်ပြီး ချင်းပြည်နယ်မှာ ချယ်ရီပင် ၁၂၅၀၊ မိုးကုတ်၊ ပြင်ဦးလွင်၊ ကလောနဲ့ အင်းလေးဒေသမှာ ချယ်ရီပင် ၈၀၀ ကို စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း ကချင်ပြည်နယ်၊ ကယားပြည်၊ မိုးကုတ်မြို့နဲ့ ရန်ကုန်မြို့တွေမှာ ထပ်မံ စိုက်ပျိုးသွားမယ်လို့ ပြောပါတယ်။


Viewing all articles

Trending Articles