Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြိုင်​မြို့နယ်​တွင်​ လေပြင်းတိုက်​ခတ်​၊ နေအိမ်​ ၈၀ ​ကျော်​ပျက်​စီး

$
0
0

မကွေးတိုင်း၊ ပခုက္ကူခရိုင်​၊ မြိုင်​မြို့နယ်ထဲက ကျေးရွာတွေမှာ ​မေလ ၁၃ ရက်​​ ည​နေပိုင်းက လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးသွားပါတယ်။

မြိုင်​မြို့နယ်​ ဆင်​စွယ်​​ကျေးရွာအုပ်​စု၊ သီးတုန်းအုပ်​စု၊ ဝယ်​​တောင်​အုပ်​စုနဲ့ ကြံစိမ့်​​ကျေးရွာ အုပ်​စုထဲက  လူ​နေအိမ်​ ၈၂ လုံး လေပြင်းတွေကြောင့် အမိုးအကာတွေ လန်​ပျက်​စီးခဲ့ရပါတယ်​။

ဒါ့အပြင်​ မြိုင်​နယ်​ထဲက  စာသင်​​ကျောင်း​ ၄ ကျောင်းလည်း ထိခိုက်ပျက်​စီးသွားခဲ့ပါတယ်​။

သတင်း-မြင့်နိုင်


Viewing all articles

Trending Articles