Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဆိပ်​ဖြူမြို့နယ်​တွင်​ ​လေပြင်းတိုက် မိုးကြိုးပစ်​သဖြင့် လူ ၁​​ ဦး​သေ၊ ၁ ဦးဒဏ်ရာရ

$
0
0

မ​ကွေးတိုင်း​၊ ဆိပ်​ဖြူမြို့နယ်​မှာ​ ​မေ ၁၄ ရက်​ ည​နေ ၄ နာရီခွဲလောက်က ​လေပြင်းတိုက်​ခတ်​ပြီး မိုးကြိုးပစ်​လို့ လူတ​ဦး​သေဆုံးပြီး တ​ဦးဒဏ်​ရာရရှိခဲ့​တယ်လို့ ဆိပ်​ဖြူ မြို့နယ်​ ရဲတပ်​ဖွဲ့က သိရပါတယ်​။

ဆိပ်​ဖြူမြို့နယ်​ ​ကျောင်းရွာအုပ်​စု ကျွန်းမကြီးကျေးရွာ​နေ အမျိုးသားတ​ဦးဟာ နွားစာ စဉ်း​ နေစဉ်​ ​လေပြင်းနဲ့အတူ မိုးကြိုးထိမှန်​ ဝဲဘက်​တ​ခြမ်းမဲလျက်​ ​သေဆုံးခဲ့တယ်လို့ ဆိပ်ဖြူ ရဲတပ်​ဖွဲ့မှူးရုံးက ပြောပါတယ်။

အလားတူ ကန်​ဇွန်းမ ရွာသစ်​​ကျေးရွာ​နေ အမျိုးသားတ​ဦးဟာလည်း ဝန်​​ချောင်းဆည်​အနီး ကျွဲကျောင်း​နေစဉ်​ မိုးကြီးစက်​ကွင်းမိလို့ ကန်​ဇွန်းမ​ဆေးရုံမှာ​ ​ဆေးကုသမှုခံယူ​နေရတယ်လို့ ဆိုပါတယ်​။

လေပြင်းတိုက်​ခတ်​လို့  ​ကော်​တုံ​ကျေးရွာအုပ်​စု ဖက်​တဲ​ကျေးရွာမှာ​  လူနေအိမ် ၃ လုံး၊ ​ရှောက်​ပင်​အင်း​ကျေးရွာမှာ​ လူနေအိမ် ၂လုံးနဲ့ မင်းချမ်း​ကျေးရွာမှာ​ ​နေအိမ်​ ၄ လုံး စုစု​ပေါင်း ​နေအိမ်​ ၉ လုံး အမိုးလန်​ ပျက်​စီးသွားပါတယ်​။

သတင်း- ကိုလင်း(​ချောက်​)


Viewing all articles