စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့ မနက်အစောပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မေ ၁၈ ရက်နေ့ ၀၁ နာရီ ၄၇ မိနစ် ၃၁ စက္ကန်Yအချိန်က မုံရွာမြို့ရဲ့ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာ။ မြောက်လတ္တီတွဒ် ၂၂.၂၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၅ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။