Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပြည်နယ်၊ တိုင်းအချို့တွင် ညအပူချိန် မြင့်တက်နိုင် 

$
0
0

လာမယ့် နိုဝင်ဘာလထဲမှာ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နိုဝင်ဘာလရဲ့ ညပျမ်းမျှအပူချိန်ထက် ပိုပြီးပူနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီတိုင်းနဲ့ ပြည်နယ်တို့မှာ ပျမ်းမျှအပူချိန်တွေထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပိုပူနိုင်ပြီး ကျန်တဲ့ ပြည်နယ်၊ တိုင်းတို့မှာတော့ ပျမ်းမျှအပူချိန်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ်က ပိုမိုအားကောင်းလာလို့ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်း ပါတယ်။

ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ၈ ရက်ကနေ ၁၂ ရက်လောက် မိုးရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ပဲခူးတိုင်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကယားနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတော့ ၃ ရက်ကနေ ၇ ရက်လောက်အထိ မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကချင်၊ ချင်း၊ မွန်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ၁၅ ရက်ကနေ ၂၂ ရက်လောက် မြူထူတွေဆိုင်းနိုင်ပြီး နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတို့မှာတော့ ၇ ရက်ကနေ ၁၄ ရက်လောက် မြူထူတွေ ဆိုင်းနိုင်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


Viewing all articles
Browse latest Browse all 3533

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)