Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကယ်လီဖိုးနီးယား ဝိုင်အရက်ထုတ်ဒေသတွင် တောမီး ဆက်တိုက်လောင်နေ

$
0
0

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ကုန်းတွေနဲ့ ဝိုင်ထုတ်လုပ်တဲ့ ဧရိယာတွေမှာ တောမီး ဆက်တိုက်လောင်နေတာကြောင့် အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ ဒေသခံ အယောက် ၁၃၀၀၀၀ ကို ဘေးလွတ်ရာထွက်ပြေးကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

လာမယ့်ရက်တွေမှာ လေပြင်းတွေ တိုက်ခတ်နိုင်တဲ့ ရာသီဥတု ခန့်မှန်းချက်တွေကြောင့် မီးဘေးသင့်ဒေသခံ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးသတ်ဌာနပြောခွင့်ရ  လောရန်ရော်ဘတ်ဆင်က ပြောပါတယ်။ 

ဆိုနိုမာဒေသက ဟီးစ်ဘတ်မြို့နဲ့ ဝင်ဆာမြို့တို့ဟာ တောမီး အန္တရာယ်ကျရောက်ခဲ့ပြီး လက်ရှိမှတော့ ဆန်တာရိုဆာမြို့ တောင်ဘက်ကနေ မြောက်ဘက်အထိ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ သတိပေးချက် ထုတ်ပြန်ထားရတယ်လို့ ရော်ဘတ်ဆင်က ဆက်ပြောပါတယ်။

လော့အန်ဂျလိစ့် ဆင်ခြေဖုံးမှာ Tick Fire တောမီးလောင်ကျွမ်းတာနဲ့အတူ Kincade Fire တောမီးဟာ ပူပြင်းခြောက်သွေ့တဲ့ အခုနှစ် တောမီးရာသီအတွင်း ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အကြီးဆုံး တောမီး ဖြစ်ပါတယ်။

စနေနေ့ညပိုင်းက လေပြင်းတိုက်ခတ်နိုင်တဲ့ ရာသီဥတုခန့်မှန်းချက်ကြောင့် ကယ်လီဖိုးနီး ယားပြည်နယ်ရဲ့ ဒေသ ၃၈ ခုက ဒေသခံ ၉၀၀၀၀ ကျော်ရဲ့ နေအိမ်တွေမှာ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားရပါတယ်။

မနေ့မနက်အစောပိုင်းမှာတော့ မီးသတ်သမားနဲ့ တခြားဝန်ထမ်း ၃၀၀၀ ကျော်ဟာ ဧက ၃၀၀၀၀ ကျော်ကို ဝါးမျိုခဲ့တဲ့မီးကို ကြိုးပမ်းငြှိမ်းသတ်နေပါတယ်။ အဲဒီတောမီးကြောင့် နေအိမ် အဆောက်အအုံ ၈၀ နီးပါး ပျက်စီးခဲ့ပြီး နောက်ထပ် အဆောက်အအုံ ၃၀၀၀၀ ကျော်ဟာလည်း တောမီး ဝါးမြိုခံရနိုင်တဲ့ အန္တရာယ်ကျရောက်နေပါတယ်။

ကယ်လီဖိုနီးယား ပြည်နယ်မှာ တောမီးလောင်နေတာ လေးရက်ဆက်တိုက် ရှိနေပြီး မီးစလောင်ရတဲ့ အကြောင်းအရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲပဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 


Viewing all articles
Browse latest Browse all 3533

Trending Articles