Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လေဖိအားနည်းရပ်ဝန်းကြောင့် ပြည်နယ်နှင့်တိုင်းအချို့ မိုးထစ်ချုန်းရွာမည်

$
0
0

လေဖိအားနည်းရပ်ဝန်းကြောင့် ပြည်နယ်နဲ့တိုင်းအချို့မှာ ဒီနေ့မနက်ပိုင်းကနေ နောက် ၄၈ နာရီအတွင်း မိုးထစ်ချုန်းရွာပြီး မိုးသက်လေပြင်းများ ကျရောက်မယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီး အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒီနေ့မနက်ပိုင်းက နောက် ၄၈ နာရီအတွင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး တခါတရံ မိုးသက်လေပြင်းများ ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ၆ ပေမှ ၉ ပေလောက် ရှိနိုင်ပါတယ်။

The post လေဖိအားနည်းရပ်ဝန်းကြောင့် ပြည်နယ်နှင့်တိုင်းအချို့ မိုးထစ်ချုန်းရွာမည် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles