မင်းဘူးစကုမြို့နယ်ထဲက ရွှေစက်တော် ဘေးဘဲ့တောမှာ ရွှေသမင်ကောင်ရေက ၂၀၁၉ ခုနှစ်မှာ အကောင်ရေ ၈၀၀ ကျော်တိုးလာတယ်လို့ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက သိရတယ်။
ရွှေသမင် ဘေးမဲ့ကာကွယ်တောအတွင်းမှာ ၂၀၁၆ ခုနှစ်က (၁၅၇၉) ကောင်၊၂၀၁၇ ခုနှစ်မှာ (၁၄၅၆)၊ ၂၀၁၈ ခုနှစ်မှာ (၁၅၀၄) ကောင် ရှိခဲ့ရာက ၂၀၁၉ မှာ (၂၃၁၈) ကောင် တိုးမြင့်ပေါက်ဖွားပြီး ရွှေသမင်ကောင်ရေ ၈၀၀ ကျော်တိုးလာတာလို့ မကွေးတိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးတင့်ထံက သိရပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ သဘာဝထိန်းသိမ်းရေး နယ်မြေ ၄၃ ခုကတည်းက ရွှေစက်တော် ဘေးမဲ့တောဟာ တခုအပါအဝင်ဖြစ်ပြီး ရွှေစက်တော်ကာကွယ်တော၊ ကျောက်အိုးကြိုးဝိုင်း၊ ကျွဲတံခါးကြိုးဝိုင်း၊ မြို့စဖို့ကြိုးဝိုင်းနဲ့ ရွှေစက်တော် ကျီးကန်ကာကွယ်တောများကို ရွှေသမင်တွေ ကာကွယ်ဖို့ ဘေးမဲ့တောအဖြစ် ၁၉၄၀ ခုနှစ်က သတ်မှတ်ခဲ့တာပါ။
မကွေးတိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးတင့်က “ဘေးမဲ့တောအဖြစ် အဓိကဖွဲ့စည်းရတာဟာလည်း မြန်မာ့ရွှေသမင်တွေနဲ့ သူတို့ စားကျက်မြေတွေ ကာကွယ်ဖို့၊ ဒေသခံပြည်သူတွေ ရွှေသမင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်နိုးကြားမှု မြှင့်တင်ဖို့၊ ရွှေသမင်တွေ ခိုးယူသတ်ဖြတ်နေသူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုက်ရေး အလေးထား ဆောင်ရွက်နေတယ်” လို ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောပါတယ်။
ရွှေစက်တော်ဘေးမဲ့တောဟာ မင်းဘူးခရိုင်အတွင်း မင်းဘူး၊ ငဖဲ၊ ပွင့်ဖြူ၊ စေတုတ္တရာ လေးမြို့နယ်အတွင်း ပါဝင်ကာ ဧရိယာ ၁၁၄၆၇၈.၇၁ ဧကကျယ်ဝန်းပြီး မြန်မာ့မျိုးရင်းဖြစ်တဲ့ ရွှေသမင်နဲ့ ကြယ်လိပ်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)
The post ရွှေစက်တော်ဘေးမဲ့တောတွင် ရွှေသမင် အကောင်ရေ ၈၀၀ ကျော်တိုးလာ appeared first on DVB.