Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ခိုအာလာဝက်ဝံလေးများကို ဩစတြေးလျ စေတနာ့ဝန်ထမ်းများ ကူညီစောင့်ရှောက်ပေး

$
0
0

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ သစ်ပင်ခုတ်လှဲလို့ စားကျက်ပျောက်ခဲ့တဲ့ ခိုအာလာ ဝက်ဝံလေးတွေကို စေတနာ့ဝန်ထမ်းတွေက ပြန်ကျန်းမာလာအောင် ကူညီပေးနေပါတယ်။ 

ကိပ်ဘရစ်ချ်ဝေါတားအနီး ဘလူးဂမ်စိုက်ခင်းမှာ သစ်ခုတ်လှဲတဲ့အတွက် ခိုအာလာ ဝက်ဝံလေးတွေ ဒါဇင်နဲ့ချီ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အေဘီစီသတင်းမှာ ဖော်ပြပါတယ်။ 

အဲဒီအတွက် ဒဏ်ရာမရခဲ့တဲ့ ခိုအာလာ ဝက်ဝံလေးတွေကို မော့စ်ဝုဒ် တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဂေဟာဆီ ခေါ်ဆောင်ခဲ့ပါတယ်။ 

မော့စ်ဝုဒ် တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဂေဟာ အုပ်ချုပ်ရေးမှူး ဝန်ကြီးချုပ် ထရေစီဝီလ်ဆင်က “ခိုအာလာ ဝက်ဝံလေးတွေက ထိတ်လန့်ပြီး ရေဓာတ်လိုနေကြတာ။ အားလုံး ပိန်လှီနေကြတယ်။ ပြန်ကျန်းမာလာအောင် စောင့်ရှောက်တဲ့ ခိုအာလာဝက်ဝံလေးတွေက နည်းပါတယ်။ စေတနာ့ဝန်ထမ်းက နည်းတော့ သိပ်လုပ်မပေးနိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ သူတို့ဟာ စားကျက်ပျောက်ဆုံးခဲ့တဲ့ ခိုအာလာ ဝက်ဝံလေးတွေကို အချိန်ပိုဆင်းပြီး ကူညီပေးနေကြပါတယ်။

ဗစ်တိုးရီးယားပြည်နယ်အကြီးအကဲကလည်း “ဒါမျိုး မဖြစ်သင့်ဘူးဗျာ။ ထပ်မဖြစ်အောင်လို့ ကျနော်တို့ အစွမ်းကုန်လုပ်သွားမယ်။ မဟုတ်တာ လုပ်တဲ့သူတွေကို အပြစ်ပေးဖို့ကလည်း အရေးကြီးပါလိမ့်မယ်” လို့ ပြောပါတယ်။ 

ဂေဟာကို ဦးစီးနေတဲ့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ထရေစီဝီလ်ဆင်နဲ့ ခင်ပွန်း ပီတာတို့ဟာ အဲဒီလို နို့တိုက်သတ္တဝါတွေကို ကယ်ဆယ်ပြီး ပြန်ကျန်းမာအောင် ကူညီနေတာ ၁၄ နှစ် ရှိပြီဖြစ်ပါတယ်။

The post ခိုအာလာဝက်ဝံလေးများကို ဩစတြေးလျ စေတနာ့ဝန်ထမ်းများ ကူညီစောင့်ရှောက်ပေး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles