Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

နယူးဇီလန်တွင် မိုးသည်းရေကြီးပြီး ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွှေ့

$
0
0

နယူးဇီလန်နိုင်ငံ၊ ဆောက်အိုင်းလန်းကျွန်းမှာ ဖေဖော်ဝါရီလ ၅ ရက်က ရေကြီးပြီး မိုးအဆက်မပြတ် ရွာနေတာကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။

တောင်ပိုင်းဒေသမှာ အရပ်ဘက်ကာကွယ်ရေးက အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး မြေနိမ့်ဒေသ နေထိုင်သူတွေကို ဘေးလွတ်ရာ အမြန်ပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။

အဲဒီဒေသမှာ မြစ်ရေလျှံနေပြီး ဒေသခံထောင်ချီဟာ လျှပ်စစ်ဓာတ်အား မရရှိပါဘူး။ ဒါ့အပြင် ရေကြီးနေတာကြောင့် ရာနဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာလည်း ရက်ချီ သောင်တင်နေပါတယ်။

မိုးကြီးပြီး ကမ္ဘာလှည့်ခရီးသွား အလာများတဲ့ မေးလ်ဖော့ဒ်ဆောင်းဒ်ဒေသကို သွားရာ မော်တော်ကားလမ်းပိတ်ခဲ့ပြီးနောက် သောင်တင်နေတဲ့ ခရီးသွား ၅၀၀ နီးပါးထဲက တချို့ကို လေကြောင်းကနေ ကယ်ဆယ်ခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသွား အတော်များများနဲ့ ဟိုတယ်ဝန်ထမ်းတွေဟာ အဲဒီဒေသမှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။

နဂိုအတိုင်း မြစ်ရေ ပြန်ကျအောင် ရက်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့လည်း အရက်ဘက် ကာကွယ်ရေးအရာရှိတွေက ပြောတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

The post နယူးဇီလန်တွင် မိုးသည်းရေကြီးပြီး ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွှေ့ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles