Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဗြိတိန်နိုင်ငံ၌ မုန်တိုင်းဝင်ရောက်မှုကြောင့် ရေကြီး

$
0
0

ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက်က မုန်တိုင်း စီရာရယ် ဝင်ရောက်ခဲ့ပြီး ဆိုးဆိုးရွားရွား ရေကြီးတာနဲ့ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၉ ရက်က ဗြိတိန်တလွှားမှာ ရေကြီးမှု သတိပေးချက်ပေါင်း ၂၀၀ ကျော်  ထုတ်ပြန်ခဲ့ပြီးနောက် ယော့ရှိုင်းယားနယ်မှာ နေအိမ်တွေနဲ့ ကုမ္ပဏီတွေ ရေနစ်မြုပ်ခဲ့ပါတယ်။ 

အနောက်တောင်ပိုင်း ချပ်စတိုးမြို့မှာ ကုန်ကားတစီးပေါ် ဓာတ်တိုင်ပြိုလဲခဲ့ပြီး အရေးပေါ် ဝန်ထမ်းတွေက တံတားကို ပိတ်ခဲ့ရပါတယ်။  

မုန်တိုင်း စီရာရယ်ဟာ လေတိုက်နှုန်း တနာရီ မိုင် ၉၀ ကျော် တိုက်ခတ်ခဲ့ပြီး ဥရောပ အနောက်မြောက်ပိုင်း ဒေသအတော်များများမှာ မိုးကြီးခဲ့ပါတယ်။ 

မုန်တိုင်းကြောင် ဝစ်ဘက်ခ်မြို့ ဘောလုံးပွဲ ပွဲကြည့်စင်ဟာလည်း ပြိုလဲခဲ့ပြီး ပြိုလဲချိန်မှာ ပွဲကြည့်ပရိသတ်တွေ ရှိမနေဘူးလို့လည်း သိရပါတယ်။ 

လေပြင်းဒဏ်ကြောင့် ပွဲကြည့်စင် တွန့်လိမ်သွားခဲ့ပြီး ပွဲကြည့်စင် တည်ဆောက်ခဲ့တဲ့  ကုန်ကျစရိတ်ဟာ ပေါင် ၁၃,၀၀၀ ရှိတယ်လို့လည်း ကလပ်အသင်း အတွင်းရေးမှူးတဦးက ပြောခဲ့ပါတယ်။

The post ဗြိတိန်နိုင်ငံ၌ မုန်တိုင်းဝင်ရောက်မှုကြောင့် ရေကြီး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles