သြစတြေးလျအရှေ့ပိုင်း ကမ်းရိုးတန်းတလျှောက်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မိုးကြီးတာကြောင့် နယူးဆောက်ဝေးနဲ့ ကွင်းစလန်း ပြည်နယ်တွေမှာ မြစ်ချောင်းတွေ ရေလျှံနေပြီး လမ်းတွေနဲ့ နေအိမ်တွေ ရေမြုပ်နေပါတယ်။
ရေကြီးတာကို ကြုံတွေ့ခဲ့သူ အမ်မလီကလည်း ဆူနာမီလို အဖြစ်အပျက်ပဲလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မိုးရွာ မနေဘဲ ဖွဲဖွဲလေးသာ ကျနေတဲ့ အကြောင်း သူတို့ မြင်းတွေယူဖို့ ပြေးထွက်ပြီး မြင်းဇောင်းရောက်တဲ့အခါမှာတော့ ရေက ရင်ဘတ်လောက်ထိ ရောက်နေတယ်လို့ လည်း ပြောပါတယ်။
မြင်းတွေကို ပြန်ခေါ်ချိန်မှာတော့ အိမ်ထဲရေတွေ ဝင်နေပြီး အားလုံးရေတွေ စိုကုန်တယ်လို့ အမ်မလီက ပြောပြပါတယ်။
မိုးခေါင်ကာလအတွင်း လာမယ့်ရက်တွေမှာ မိုးကြီးမယ်လို့ နယူးဆောက်ဝေး ဒုတိယ ရဲမင်းကြီးက သတိပေးလိုက်ပြီး ရေကြီးသတိပေးချက်တွေ လိုက်နာကြဖို့ ပြည်သူတွေကို မှာကြားပါတယ်။
အဆင့် ၂ ရှိတဲ့ ဆိုင်ကလုန်း အူဝေဆီဟာ နယူးဆောက်ဝေး ကမ်းရိုးတန်း ကနေ ကီလိုမီတာ ၆၀၀ အကွာ လော့ဒ်ဟောင်းကျွန်းဆီ ဦးတည်နေပါတယ်။
ဆိုင်ကလုန်းကြောင့် လေပြင်းတွေ တိုက်ပြီးနောက်ထပ် မိုးရွာဦးမယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
The post သြစတြေးလျကမ်းရိုးတန်းတလျှောက် ရေကြီး appeared first on DVB.