Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အမေရိကန်တောင်ပိုင်းတွင် လေဆင်နှာမောင်းကြောင့် ၁၈ ဦးထက်မနည်း သေဆုံး

$
0
0

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်မှာ အမေရိကန်တောင်ပိုင်းကို ဆက်တိုက် ဝင်ရောက်ခဲ့တဲ့ လေဆင်နှာမောင်း‌တွေကြောင့် ဧပြီ ၁၃ ရက်က   သေဆုံးသူ ၁၈ ယောက်ထက်မနည်းရှိလာပါတယ်။ 

ကယ်ဆယ်ရေးလုပ်သားတွေနဲ့ အိမ်ရှင်တွေက အပျက်အစီးတွေကို ရှင်းလင်းနေပြီး အခုအခါမှာတော့ သဘာဝဘေးအန္တရာယ်က အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းကို ခြိမ်းခြောက်နေပါတယ်။

ဖလော်ရီဒါကနေ နယူးအင်္ဂလန်အထိ လူ ၅၅ သန်းနီးပါးဟာ ဘေးအန္တရာယ်ကျမယ့် လမ်းကြောင်းမှာ ရှိနေပြီး လေပြင်း၊ မိုးနဲ့ လေဆင်နှာမောင်းတိုက်တာတွေ ကြုံတွေ့နိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာနက သတိပေးထားပါတယ်။ 

အဲဒီဘေးအန္တရာယ်ကြောင့် ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက် မနက်ပိုင်းက တက္ကဆက်ကနေ ကယ်ရိုလိုင်းနားပြည်နယ်အထိ လေဆင်နှာမောင်း အခု ၆၀ ခန့် တိုက်ခတ်ခဲ့ပြီး အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် ဧပြီ ၁၃ ရက် မနက်ပိုင်းအထိ မြောက်နဲ့တောင် ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာနဲ့  အယ်လာဘားမားပြည်နယ်တွေက နေအိမ်နဲ့ လုပ်ငန်း ၁ သန်းနီးပါး လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

The post အမေရိကန်တောင်ပိုင်းတွင် လေဆင်နှာမောင်းကြောင့် ၁၈ ဦးထက်မနည်း သေဆုံး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles