Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ယူကရိန်းတောမီး ချာနိုဘိုင်း နျူကလီးယားဓာတ်အားပေးစက်ရုံနှင့် နီးကပ်လာ

$
0
0

ယူကရိန်းနိုင်ငံအတွင်း သီတင်းပတ် တပတ်ကျော်ကြာ လောင်နေတဲ့ တောမီးဟာ ခုတော့ ပျက်စီးနေတဲ့ ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံနဲ့ ၁ ကီလိုမီတာ အကွာအဝေးထိ ရောက်လာပါပြီ။

ဒါကြောင့် ဓာတ်ရောင်ခြည်သင့်မယ့် ဘေးအန္တရာယ် ရှိနေတယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ ရုရှားအခြေစိုက် Greenpeace Russia က ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး ဧပြီ ၁၃ ရက်မှာ သတိပေးပါတယ်။

ယူကရိန်း အရေးပေါ်အခြေအနေဌာနက မီးကို ကြိုးစားငြှိမ်းသတ်နေဆဲ ဖြစ်ပြီး အခြေအနေကို ထိန်းချုပ်နိုင်နေပြီလို့ ပြောပါတယ်။

၁၉၈၆ ခုနှစ်က ကမ္ဘာ့အဆိုးဆုံး နျူကလီးယား မတော်တဆမှု  ဖြစ်ခဲ့တဲ့နေရာမှာ မီးကျွမ်းပြီး မီးလောင်မြေက မည်းနက်နေတာကို ကောင်းကင်ဓာတ်ပုံတွေက ပြနေပါတယ်။

သီးခြားချန်လှပ်ဇုန်နဲ့ မြို့တော်ကိယက်ဗ်တို့ထဲမှာ ရှိနေတဲ့ ဓာတ်ရောင်ခြည်ပမာဏ မပြောင်းလဲဘူးလို့ အရေးပေါ်အခြေအနေများ ဝန်ဆောင်မှုဌာနက ပြောပါတယ်။

အရေးပေါ် လုပ်သား ၃၀၀ ကျော်၊ လေယာဉ် ၃ စီးနဲ့ ရဟတ်ယာဉ် ၃ စီးတို့ ပူးပေါင်း မီးငြှိမ်းသတ်နေခဲ့တာပါ။

ချာနိုဘိုင်း အဏုမြူဓာတ်ပေါင်းဖိုဟာ ၁၉၈၆ ခုနှစ်က ပေါက်ကွဲခဲ့လို့ စက်ရုံနဲ့ အကွာအဝေး ၁၉ မိုင်ပတ်လည်က လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပြီး အဲဒီဇုန်ကိုတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ ဇုန်နဲ့ အနောက်ပိုင်းမှာ ဧပြီ ၃ ရက်ကစပြီး တောမီးလောင်ခဲ့တာ ဖြစ်ပါတယ်။

The post ယူကရိန်းတောမီး ချာနိုဘိုင်း နျူကလီးယားဓာတ်အားပေးစက်ရုံနှင့် နီးကပ်လာ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles