Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဒီးမော့ဆိုမြို့နယ်တွင် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး မိုးကြိုးထိမှန်သေဆုံး

$
0
0

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒီကနေ့ မေလ ၁၁ ရက် မွန်လွဲပိုင်းက မိုးသက်လေပြင်းကျ မိုးကြိုးပစ်မှုကြောင့် ကလေးငယ်တဦးအပါအဝင် သုံးဦး မိုးကြိုးထိမှန်သေဆုံးသွားပါတယ်။ 

ဒီကနေ့ မွန်းလွဲ ၂နာရီဝန်းကျင်လောက်က ငွေတောင်ကျေးရွာအုပ်စု၊  ဒေါငံခါးကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ်အမျိုးသမီးတဦးနဲ့ သူ့သမီး အသက် ၇ နှစ်အရွယ်ကလေးငယ်ဟာ ညောင်းကုန်းစိုက်ကွင်းမှာ လယ်စိုက်နေချိန် မိုးကြိုးထိမှန်သေဆုံးခဲ့တာလို့ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်ကပြောပါတယ်။

“ ၂နာရီ ၅ မိနစ်က ဒီးမော့ဆိုငွေတောင်မှာဖြစ်တာ။‌ ဒေါ်လူစီးယာ အသက် ၄၁ နှစ်ရယ်၊ သမီးက မဂျိုးစဖင်းစုခိုင်နှင်း အသက် ၇ နှစ်၊ သူက ငွေတောင်အုပ်စု ညောင်ကုန်းစိုက်ပျိုးရေးမှာ စပါးစိုက်ပျိုးနေတုန်း မိုးကြိုးထိမှန်တာပေါ့နော်။ ”

အလားတူ ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာနေသူ စောအယ်သာဝါး (ခေါ်) ကော့ကော် အသက် ၄၆ နှစ်ဟာ မွန်းလွဲ ၁နာရီခွဲလောက်က လယ်ကွင်းမှာ ထွန်စက်နဲ့ လယ်ထွန်နေစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့တာလို့လည်း ဦးဉာဏ်လှိုင်က ပြောပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာ မိုးသက်ပြင်းကျရောက်မှုကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့ နယ်အပြင် ဒီးမော့ဆိုနဲ့ဖရူဆိုမြို့နယ်တွေမှာ သစ်ပင်တွေ၊ ဓတ်တိုင်တွေ ပြိုလဲပျက်စီးတာတွေနဲ့ အဆောက်အအုံတချို့ အမိုးလန်ပျက်စီးခဲ့ပါတယ်။

The post ဒီးမော့ဆိုမြို့နယ်တွင် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး မိုးကြိုးထိမှန်သေဆုံး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles