Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မကွေးမြို့နယ်၊  ယင်းဆိပ်ရွာတွင် သစ်ပင်ပိပြီး လူ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

$
0
0

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊  ယင်းဆိပ်ကျေးရွာမှာ မေ ၁၁ ရက် ညနေ ၆ နာခွဲလောက်က  မိုးသက်လေပြင်းကျရောက်ကာ တဲပေါ်ကို  သစ်ပင်လဲကျပိမိပြီး မိုးခိုနေတဲ့   အမျိုးသား ၂ ဦးသေဆုံးကာ  ၂ ဦး  ဒါဏ်ရာရှိသွားပါတယ်။

ရောင်စုံမေတ္တာ လူမှုကူညီရေး အသင်းဝင် ကိုဇော်ဇော်နိုင်က “ယာထဲမှာ အလုပ်လုပ်နေရင်း မိုးသက်လေပြင်းကျလာလို့ အိမ်ထဲဝင်တုန်း သစ်ပင်ပိတာလို့ ပတ်ဝန်းကျင်က ပြောပါတယ်။ ရောင်စုံမေတ္တာ အဖွဲ့ရောက်သွားတော့တော့ နှစ်ယောက်ပဲ အသက်ရှင်ကာ၊ တစ်ယောက်က ခြေကျိုးပြီး တစ်ယောက်က လက်ကျိုးသွားတယ်”လို့ ပြောပါတယ်။

ဒဏ်ရာရသူ နှစ်ဦးကို ပရဟိတ မော်တော်ယာဉ်နဲ့  မကွေးဆေးရုံကြီးသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပြီး သစ်ပင်ပိ သေဆုံးနေသူရဲ့ အလောင်းတွေကိုတော့  ရင်ခွဲရုံသို့ ည ၁၀ နာရီခွဲ လောက်မှာ ပို့ဆောင်ခဲ့တယ်လို့လည်း ပြောပါတယ်။

သစ်ပင်ပိတဲ့နေရာကို  ရောင်စုံမေတ္တာပရဟိတ၊ KS ပရဟိတ၊ မီးသတ်တပ်ဖွဲ့နဲ့ နာရေးကူညီမှုအသင်းတွေက မော်တော်ယာဉ်တွေ ရောက်ရှိကူညီခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ဒေသခံတွေ ပူးပေါင်းကူညီခဲ့ကြပါတယ်။

သတင်း-မင်းထီး

The post မကွေးမြို့နယ်၊  ယင်းဆိပ်ရွာတွင် သစ်ပင်ပိပြီး လူ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles