Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဘင်္ဂလားပင်လယ်အော်တွင် မေလ ၁၆ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း

$
0
0

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး  နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ  မုန်တိုင်းငယ်  (Depression)အဆင့်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ 

အဆိုပါမုန်တိုင်းငယ်ဟာ မေလ ၁၆ ရက်မှာတော့  ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့ လည်းကောင်း ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ 

 လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီး နောက် ကနဦးမှာ အနောက်မြောက်ဘက်သို့ရွေ့လျားပြီး မေလ ၁၇ ရက်နောက်ပိုင်းမှာ မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကို ရွေ့လျားနိုင်တယ်လို့ လည်း မိုးဇလ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၇ ပေလောက်ရှိမယ်လို့ လည်းခန့်မှန်းထားပါတယ်။

ဓာတ်ပုံ-မိုးဇလ

The post ဘင်္ဂလားပင်လယ်အော်တွင် မေလ ၁၆ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


မောင်ကိန်းရွှေဆိုင်ဓားပြတိုက်သူမှာလောက်ကိုင် အမျိုး သား လွှတ် တော် ကိုယ် စား...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ