Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပြည်နယ်နှင့်တိုင်းအချို့တွင် လေပြင်းကြောင့် နေအိမ် ၃၀၀ ကျော် ပျက်စီး

$
0
0

ပြည်နယ်နဲ့ တိုင်းအချို့မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း မေလ ၁၄ ရက်နေ့ မနက် ၂ နာရီလောက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးရပ်ကွက်ပါ ၄ ခုနဲ့ မအူပင်ကျေးရွာပါ ၂ ရွာတို့မှာ နေအိမ် ၅၉ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာလည်း မေ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က လေပြင်း တိုက်ခတ်မှုကြောင့် ထနှောင်းပင်လှ ကျေးရွာပါ ၃ ရွာတို့မှာ နေအိမ် ၁၈ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်၊ ဈေးဆိုင်ခန်း ၁၀ ခန်း သစ်ပင်၊ ဓာတ်တိုင် ၃ တိုင်တို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့နယ်မှာလည်း မေလ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က မိုးရွာသွန်းပြီး မိုးသီးကြွေကျမှုကြောင့် ဘော့လုံးကြီးကျေးရွာပါ ၃ ရွာတို့မှာ နေအိမ် ၂၂၃ လုံးနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း အမိုးသွပ်ပေါက်ပြဲပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှာလည်း မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ခေးပေါင်းကျေးရွာပါ ၄ ရွာတို့မှာ နေအိမ် ၁၃ လုံး၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

The post ပြည်နယ်နှင့်တိုင်းအချို့တွင် လေပြင်းကြောင့် နေအိမ် ၃၀၀ ကျော် ပျက်စီး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles