Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာပြီး ယနေ့ည ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်ရှိနိုင်

$
0
0

ဒီနေ့မနက် ၆ နာရီခွဲ တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ၆ နာရီအတွင်း မုန်တိုင်းငယ်အဆင့်နဲ့ ဒီနေ့ညပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့် ရောက်ရှိပြီးနောက် မေ ၁၇ ရက်နေ့ နောက်ပိုင်းမှာ မြောက်-အရှေ့မြောက်ဘက်ကို ကွေ့ပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကို ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း နဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ္။

မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။

နောက် ၂ ရက်မှာလည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

The post လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာပြီး ယနေ့ည ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်ရှိနိုင် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles