အီတလီနိုင်ငံ မီလန်မြို့မှာ ညလုံးပေါက် ရွာခဲ့တဲ့မိုးကြောင့် မေလ ၁၅ ရက် မနက်ပိုင်းမှာ နေရာတချို့ ရေကြီးခဲ့ပါတယ်။
ဆယ်ဗေဆို မြစ်ရေလျှံတာကြောင့် မီလန်မြို့ မြောက်ဘက် နီဂွါဒါအရပ်က လမ်းတွေ ရေမြုပ်ခဲ့ပါတယ်။
ရေကြီးရာနေရာကို မီးသတ်သမားတွေ၊ ရဲတွေနဲ့ အရပ်ဘက် ကာကွယ်ရေးအဖွဲ့တွေ ရောက်လာပြီး အဆောက်အအုံတွေထဲ ရေမဝင်အောင် သဲအိတ်ကာတာ၊ လဲကျသစ်ပင်တွေ ဖယ်ရှားတာနဲ့ ရေစီးမှာ ပိတ်မိနေတဲ့ ကားတွေကို ကူတွန်းပေးခဲ့ပါတယ်။
အဲဒီနောက် မနက်ခင်းရုံးတက်ချိန်မှာ ရေတွေ အကုန်လုံးနီးပါး ကျသွားခဲ့ပါတယ်။
မီလန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ချိန်မှာ အဆိုးဆုံး ထိခိုက်ခဲ့တဲ့ မြို့တမြို့ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
The post မီလန်တွင် ညလုံးပေါက်မိုးရွာသဖြင့် နေရာအချို့ရေကြီး appeared first on DVB.