Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လက်ပံတန်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၉၅ လုံး ပျက်စီး

$
0
0

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ မေ ၁၇ ရက်  ညနေ ၆နာရီလောက်က လေပြင်းတိုက်ခတ်မှုကြောင့် ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ၁၀၀ လောက် အမိုးလန်တာနဲ့ ပြိုကျပျက်စီးတာတွေ ဖြစ်ပွားခဲ့ပါတယ်။

လက်ပံတန်းမြို့နယ်ထဲက ကြို့ပင်စခန်းကျေးရွာအုပ်စု ကြို့ပင်စခန်းရွာ၊ ရွှေညောင်ပင်ရွာ၊ မှော်အင်းကျေးရွာအုပ်စု ငြိမ်တည်ရွာ၊ လွှစင်ကုန်းရွာ၊ ပုတိမ်စုကျေးရွာအုပ်စု ကြပ်ကလေးရွာ၊ မြေစီးကျေးရွာအုပ်စု မြေစီးရွာ၊ ထောက်ကြံ့ကွင်းရွာ၊ ဖိုးခေါင်စုရွာ၊ လူတော်စုရွာ၊ သဲကောရွာ စတဲ့ ကျေးရွာ ၁၁ ရွာမှာလေဘေးသင့်ခဲ့တာဖြစ်ပြီး လူနဲ့တိရိစ္ဆာန်တွေတော့  ထိခိုက်မှုမရှိခဲ့ပါဘူး။

လေဘေးကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်တာ၊ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း အမိုးလန်တာ၊ စာသင်ကျောင်း၂ကျောင်း အမိုးလန် ၊ ဓာတ်တိုင် ၅ တိုင် လဲကျတာနဲ့ ကျိုးကျတာ၊ လူနေအိမ် ၉၀လုံး အမိုးလန်တာ၊ လူနေအိမ်၂ လုံး သစ်ပင်ပိတာနဲ့ လူနေအိမ် ၃ လုံး ပြိုကျတာတွေ ဖြစ်ပွားခဲ့တယ်လို့  လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက  “ကျနော်တို့ မနေ့ညနေက လေပြင်းဒဏ်ခံရတဲ့ ရွာတွေကို သတင်းကြားကြားချင်း သွားရောက်ခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ချက်ချင်း ဆောင်ရွက်ပေးခဲ့ပြီးတော့၊ ပျက်စီးစာရင်းကို ကောက်ယူပြီး ထောက်ပံ့ရေးရရှိဖို့အတွက် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနကို တင်ပြပေးထား ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်ပြီး ပျက်ဆီးသွားတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကိုတော့  ရွာသူရွာသားတွေက ပြင်ဆင်ပြုပြင်နေကြပါတယ်။ 

သတင်း၊ဓာတ်ပုံ – ဝဏ္ဏထွန်း

The post လက်ပံတန်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၉၅ လုံး ပျက်စီး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles