ကိုရိုနာဗိုင်းရပ်စ်ကူးစက် ကပ်ဘေးအတွင်း စားစရာတွေနဲ့ကုန်စည်တွေကို အိမ်အရောက် ပို့တာက ထိုင်းနိုင်ငံသားများအတွက် ပုံမှန်အခြေအနေသစ် ဖြစ်လာနေပြီး စားသုံးသူတွေအတွက် ပိုအဆင်ပြေပေမယ့် အမှိုက်စီမံခန့်ခွဲရေးစနစ်အတွင်း တန်နဲ့ချီတဲ့ ပလတ်စတစ် အမှိုက်တွေ ထပ်တိုးလာတယ်လို့ သိရပါတယ်။
ကူးစက်မှုကြောင့် အသွားအလာကန့်သတ်ပိတ်ပင်ထားချိန်မှာ ပလတ်စတစ် အမှိုက် ပမာဏ ဟာ ထိုင်းနိုင်ငံထဲမှာ ၁၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနကို ကိုးကားပြီး ထိုင်းမီဒီယာတွေက ရေးပါတယ်။
အမှိုက်ရာခိုင်နှုန်း အများအပြားက ပင်လယ်နဲ့ မြစ်တွေထဲမှာ အဆုံးသတ်နိုင်တယ်လို့ အဏ္ဏဝါဇီဝပညာရှင် သွန်တမ်ရွန်ဝါဆာဝပ်က သတိပေး ပြောဆိုပါတယ်။
ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်တွေကြား လူကြိုက်များတဲ့ ပတ္တယားကမ်းခြေမှာတော့ စေတနာ့ဝန်ထမ်း တဖွဲ့ဟာ ဒီရေတောတွေနဲ့ ရေပြင်ပေါ်က ပလတ်စတစ်တွေ ပင်လယ်ထဲ မရောက်ခင် လိုက်ဆယ်နေပါတယ်။
သူတို့ဟာ ရေထဲမျောပါနေတဲ့ အမှိုက်တွေကို ထောင်ဖမ်းဖို့ ချောင်းမြောင်းတွေမှာ ငါးဖမ်းသမားတွေရဲ့ ပိုက်ကွန်အစအနတွေနဲ့ လုပ်ထားပြီး ငါးတွေ ရေကူးထွက်သွားနိုင်အေင် အောက်ခြေမှာ အပေါက်တွေ ချန်ထားတဲ့ ပိုက်ကွန်တွေကိုလည်း လိုက်တပ်ဆင်ခဲ့ကြပါတယ်။
The post ကပ်ဘေးကာလ ထိုင်းတွင် စွန့်ပစ်အမှိုက် ၁၅ ရာခိုင်နှုန်းတိုး appeared first on DVB.