Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိတ္ထီလာတွင် မိုးသက်လေပြင်းကြောင့် သမိုင်းဝင် ရွှေရင်ဆိုင်းဘုရားတန်ဆောင်း ပြိုကျ၊ အိမ် ၂ လုံး ပျက်စီး

$
0
0

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ မေ ၂၉ ရက်ညက ကွက်ငယ်အုပ်စု ပန်းသွင်းရွာနဲ့ ကွက်ငယ်ရွာတို့မှာ မိုးသက်လေပြင်းကြောင့် သမိုင်းဝင် ရွှေရင်ဆိုင်း ဘုရားတန်ဆောင်း ပြိုကျပြီး နေအိမ် ၂ လုံးပျက်စီးသွားတယ်လို့ ကွက်ငယ်အုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်စိုးက ပြောပါတယ်။

“မိုးသက်လေပြင်းကျလို့ ရှေးဟောင်းသမိုင်းဝင် ရွှေရင်ဆိုင်းစေတီတော်ကြီးရဲ့ အခန်းပေါင်း ၅၂ ခန်းရှိတဲ့ ဘုရားတန်ဆောင်း ပြိုကျပျက်စီးသွားတယ်။ ကိုဗစ်ကပ်ရောဂါကာလဆိုတော့ ပြန်လည်ပြုပြင်ဖို့ အခက်အခဲ ရှိနေတယ်။ ပန်းသွင်းရွာက အိမ်တလုံး သစ်ပင်ပိတယ်၊ လူတွေတော့ ထိခိုက်မှု မရှိပါဘူး။ ကွက်ငယ်ရွာက အိမ်တလုံးက အမိုးလန်ပြီး ပျက်စီးသွားတယ်။ အဲဒီလေဘေးသင့် မိသားစုတွေကိုတော့ နီးစပ်ရာဆွေမျိုးတွေအိမ်မှာပဲ နေရာချထားပေးတယ်” လို့ DVB ကို ပြောပါတယ်။

မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးအောင်က “မိုးသက်လေပြင်းတိုက်ခတ်တာ မြို့ပေါ်မှာလည်း သစ်ပင်တွေ လဲကုန်လို့ မီးသတ်တပ်ဖွဲ့နဲ့ပဲ လိုက်လံရှင်းလင်းပေးနေတယ်။ လမ်းပေါ်ကျနေတာတွေ အရင်လုပ်ပေးနေတယ်။ ကျန်တာတွေတော့ မနက်မှ လုပ်တော့မယ်” လို့ ပြောပါတယ်။

မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် ပေါက်ချောင်းဘောလုံးကွင်အနီး ဓာတ်ကြိုးတွေပေါ် သစ်ပင်လဲကျပြီး ကုန်းသာတံတားအနီး ရန်ကုန်-မန္တလေးလမ်းပေါ်မှာလည်း သစ်ပင်လဲကျလို့ လမ်းပိတ်ခဲ့ပါတယ်။

ကွက်ငယ်အုပ်စုမှာတော့ အာသောကမင်းတရားကြီး တည်ထားခဲ့တဲ့ ရွှေရင်မျှော် ရွှေရင်ဆိုင်း ရွှေရင်မိ ရွှေရင်ပုတ် စေတီ ၄ ဆူထဲက တဆူဖြစ်တဲ့ ရွှေရင်ဆိုင်းစေတီတော်ကြီရဲ့ အရှည်ပေ ၅၂၀ ရှိတဲ့ ဘုရားတန်ဆောင်းကြီး ပြိုကျပြီး အိမ် ၂ လုံးပျက်စီးခဲ့ကာ ဆုံးရှုံးမှုကာလတန်ဖိုး သိန်း ၁၆၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မောင်မောင်လင်း

The post မိတ္ထီလာတွင် မိုးသက်လေပြင်းကြောင့် သမိုင်းဝင် ရွှေရင်ဆိုင်းဘုရားတန်ဆောင်း ပြိုကျ၊ အိမ် ၂ လုံး ပျက်စီး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles