Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မန္တလေးတိုင်းအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၁ ခုအတွက် ကျပ်သိန်း ၅ သောင်း တင်ပြ

$
0
0

မန္တလေးတိုင်းအတွင်း ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်မှာ ကမ်းပြိုကာကွယ်ရေးလုပ်ဖို့ လျာထားလုပ်ငန်း ၂၁ ခုအတွက် ကျပ်သိန်း ၅၀၀၀၀ တင်ပြတောင်းခံထားတယ်လို့ တိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်။ 

ရေကြောင်း ပြောင်းလဲတာတွေကြောင့် နှစ်စဉ် ဧရာဝတီမြစ် အပါအဝင် တခြားမြစ်တွေမှာ ကမ်းပါးပြိုကျတွေဖြစ်ပြီး စိုက်ပျိုးမြေဆုံးရှုံးတာ၊ အဆောက်အဦနဲ့ လူနေအိမ်တွေ ပျက်စီးတာ၊ ရွှေ့ပြောင်းရတာတွေ လုပ်နေရပါတယ်။ 

ဧရာဝတီမြစ်ထဲမှာ လုပ်ငန်း ၉ ခု ပါဝင်မှာဖြစ်ပြီး ဧရာဝတီမြစ် ပြင်ပ အခြားမြစ်တွေမှာ လုပ်ငန်း ၁၂ ခုရှိတယ်လို့  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ကမ်းပြိုတာတွေကာကွယ်ဖို့ လုပ်ကိုင်မယ့်နေရာ လျာထားချက်တွေကို မြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကွင်းဆင်းစစ်ဆေးပြီး မဖြစ်မနေဆောင်ရွက်ရမယ့် နေရာတွေကို တင်ပြထားပါတယ်။ 

လောလောဆယ်ကတော့ ကမ်းပြိုကာကွယ်ရေးပဲ လုပ်နေရတဲ့ အနေအထားဖြစ်ပြီး ဘတ်ဂျက်ကို မျှမျှတတခွဲရတာကြောင့် လိုသလောက်မ ရသေးဘူးလို့ မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

The post မန္တလေးတိုင်းအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၁ ခုအတွက် ကျပ်သိန်း ၅ သောင်း တင်ပြ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles