စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ထမံသီမြို့အနောက်တောင်ဘက်မှာ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မေ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၇ နာရီ၊ ၂၄ မိနစ်၊ ၃၄ စက္ကန့်အချိန်က တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၈၂ မိုင်ခန့်ကွာဝေးတဲ့ ထမံသီမြို့ရဲ့ အနောက်တောင်ဘက် ၁၇ မိုင်လောက်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၁၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၁၅ ဒီဂရီ၊ အနက် ၇၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
The post ထမံသီမြို့အနောက်တောင်ဘက်တွင် မြေငလျင်လှုပ် appeared first on DVB.