Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အိန္ဒိယရှိ မြေဟက်တာ ၃ သောင်းခန့်ကို ကျိုင်းကောင်များကျ

$
0
0

အိန္ဒိယနိုင်ငံ အနောက်ပိုင်းနဲ့အလယ်ပိုင်း တလွှားအစိတ်အပိုင်းတွေက ဟက်တာ ၃ သောင်းခွဲလောက် ကျယ်တဲ့မြေပြင်ကို ကျိုင်းကောင်တွေ ဖုံးနေပါတယ်။

ဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းတွေကို ခြိမ်းခြောက်နေ တာပါ။

 မေလ ၂၉ ရက်ကတော့ ကျိုင်းအုပ်ဟာ နိုင်ငံအနောက်ပိုင်း ချူရူမြို့ ကောင်းကင်မှာ ပြည့်နေပါတယ်။

 ကျိုင်းကောင်တွေကို မောင်းထုတ်ဖို့ ဒေသခံတွေက အိုးခွက်တွေကို တီးနေပါတယ်။

 ဇွန်လရောက်မှ အစိုးရက ကျိုင်းအုပ်ကို မထိန်းချုပ်နိုင်ပါက မုတ်သုန်ဝင်ချိန် စပါး၊ကြံ၊ပြောင်း ဝါနဲ့ ပဲပုပ်စေ့စိုက်ပျိုးမှုကို ထိခိုက်လို့ သီးနှံအထွက်ဆုံးရှုံးနိုင်တဲ့ဘေး ရှိနေတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

 အာဏာပိုင်တွေက ကျိုင်းအုပ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို အင်တိုက်အားတိုက် တိုးလုပ်နေပါတယ်။

 အိန္ဒိယနိုင်ငံဟာ ဆယ်စုနှစ်ချီ ကျိုင်းအုပ် ကျတာကို အဆိုးဆုံး ရင်ဆိုင်နေရတာပါ။

အထူးသဖြင့် နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်၊ ရာဂျက်စသန်နဲ့ မဟာရတ်ရှ်ထျာ၊ နိုင်ငံ အလယ်ပိုင်း မဒယာပရာဒေ့ရှ်နဲ့ ပန်ဂျပ်နိုင်ငံ မြောက်ပိုင်း ဟာယာနနဲ့ ဥတ်တာပရာဒေ့ရှ် ပြည်နယ်တွေမှာ ကျိုင်းကောင် ပြန့်ပွားမှု တိုးနေပါတယ်။

 ကျိုင်းကောင်တွေဟာ လယ်ယာထွက်ကုန်တွေအတွက် အသေအပျောက် အများဆုံး အင်းဆက်ပါ။ စားစရာအတွက် သူတို့ သွားလေရာ လမ်းတလျှောက် ကိုက်ဖြတ် စားသောက်လေ့ ရှိပါတယ်။

 ဒါ့အပြင် ကျိုင်းကျထားတဲ့ သစ်ရွက်တွေကို စားတဲ့ တိရစ္ဆာန်တွေလည်း ဝမ်းပျက် ဝမ်းလျှော ဖြစ်ကြပါတယ်။

 ကျိုင်းအုပ် ကျတာဟာ အာဖရိက အရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှ ဒေသတွေမှာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

 ဒါပေမယ့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် နှစ်အစိတ်အတွင်း အင်းဆက်တွေ ပိုမျိုးပွားဖို့ အနေအထားတွေကို ဖန်တီးသလို ဖြစ်နေတယ်လို့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးပါတယ်။ 

The post အိန္ဒိယရှိ မြေဟက်တာ ၃ သောင်းခန့်ကို ကျိုင်းကောင်များကျ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles